Connect with us

Africa & Middle East

ဘေရွတ်မြို့တွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များက ဆေးဘက်ဆိုင်ရာအကူအညီများ ထောက်ပံ့

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စခန်းတွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ပြင်ဆင်နေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက်က ကြောက်မက်ဖွယ်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ဆေးတပ်ဖွဲ့ခွဲအနေဖြင့် ဘေရွတ်မြို့၌ ဆေးဘက်ဆိုင်ရာ အကူအညီများ ထောက်ပံ့သွားမည်ဟု ပြောကြားခဲ့သည်။ 

လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂ ကြားခံတပ်ဖွဲ့ (UNIFIL) ၏ တောင်းဆိုချက်အရ လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၁၈ သုတ်မြောက်သည် ခွဲစိတ်၊ ရောဂါရှာဖွေရေးနှင့် ကုသရေး၊ မီးလောင်မှုများနှင့် မေ့ဆေးပညာရပ်ဆိုင်ရာ နယ်ပယ်များမှ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၉ ဦးပါဝင်သော အရေးပေါ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ 

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စခန်းတွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ပြင်ဆင်နေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆေးတပ်ဖွဲ့ဝင်များနှင့် မော်တော်ယာဉ်များသည် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့်အတူ အကာအကွယ် ကိရိယာများ သယ်ဆောင်ကာ ကောင်းမွန်စွာ ပြင်ဆင်ထားလျက် ဘေရွတ်မြို့သို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဆေးတပ်ဖွဲ့ခွဲက ဆိုသည်။ 

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စခန်းတွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ပြင်ဆင်နေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ည ၆:၁၀ နာရီခန့်က ကြီးမားသော ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၅ ဦးသေဆုံးခဲ့ကာ အခြားသူ ၅,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  (Xinhua)