Connect with us

Africa & Middle East

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅၄ ဦးအထိရှိလာ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသည့် ဆေးရုံတစ်ရုံအတွင်း အပျက်အစီးများရှင်းလင်းရင်း ခေတ္တနားနေစဉ် အမျိုးသားတစ်ဦး စန္ဒယားတီးခတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုကြီးများကြောင့် သေဆုံးသူအရေအတွက်မှာ ၁၅၄ ဦးအထိမြင့်တက်လာခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဟာမတ် ဟတ်ဆန်က ဩဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။ 

ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူ ၅,၀၀၀ ဦး၏ ၂၀ ရာခိုင်နှုန်းသည် ဆေးရုံ၌ကုသမှုခံယူရန် လိုအပ်လျက်ရှိကြောင်း၊ ဖန်ကွဲစများထိမှန်၍ ဒဏ်ရာပြင်းထန်ပြီး ခွဲစိတ်မှုခံယူရမည့် လူနာဦးရေမှာ ၁၂၀ အထိ ရောက်ရှိလာခဲ့ကြောင်း National News Agency က သတင်းဖော်ပြခဲ့သည်။ 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသည့် ဆေးရုံတစ်ရုံအတွင်း အပျက်အစီးများရှင်းလင်းရင်း ခေတ္တနားနေစဉ် အမျိုးသားတစ်ဦး စန္ဒယားတီးခတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅၄ ဦး သေဆုံးခဲ့ကာ ၅,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး မြို့တော်အတွင်း ကြီးကြီးမားမား ပျက်စီးခဲ့ကြောင်း သိရသည်။  (Xinhua)