Connect with us

Africa & Middle East

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ၆ရက်အတွင်း ပရဆေးကုန်ကြမ်း ၄၁၉ တန်ကျော်ကို တင်ပို့ခဲ့

ပရဆေးတချို့အားတွေ့ရစဉ် (စီးပွားကူးသန်း)

ရန်ကုန်၊ ဇူလိုင်၂၄ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ၆ရက်အတွင်း အမေရိကန်ဒေါ်လာ ဝ.၄၃၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၁၉ တန်ကျော်ကို တင်ပို့ခဲ့ကြောင်း စီးပွါးရေး နှင့် ကူူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၎င်းပရဆေးကုန်ကြမ်းများကို ဇူလိုင် ၂ ရက်မှ ၇ ရက်အတွင်း တင်ပို့ခဲ့ခြင်းဖြစ်သည်။ တင်ပို့ခဲ့သည့် ပရဆေးကုန်ကြမ်းတွေကတော့ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တော ချင်း၊ မာလာဥခေါင်း၊ ကြောင်ပန်းစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ရွေးစေ့၊ ရွေးရွက်၊ ချဉ်ပေါင်ဖာလာ၊စမုံနက်၊ ကွမ်းစာ၊ ဂမုန်း၊ ဝဥခြောက်၊ ဖန်ခါးသီးခြောက်၊ ဆီးဆန်နဲ့ မုတ်ခါးတို့ဖြစ်ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ပရဆေးအမယ် ၉မျိုး စုစုပေါင်း၄၂၅တန် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ် ပရဆေးတင်ပို့မှုမှာကုန်ကြမ်းအမယ်များသော်လည်း တင်ပို့တန်ချိန် ၅တန်ကျော်ခန့် လျော့နည်းသွားခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းကပုံမှန်တင်သွင်းနေကျ အမေရိကန်ဒေါ်လာ ၇၇၆၆၃ တန်ဖိုးရှိ တောင်လုံးကျော် လေးတန် တင်သွင်းခဲ့ကြောင်း၊ ယခင်တစ်ပတ်က သုံးတန်ခွဲသာတင်သွင်းခဲ့သဖြင့် ယခုတစ်ပတ် အိန္ဒိယမှတောင်လုံးကျော် အနည်းငယ်ပိုမိုတင် သွင်းခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.