Connect with us

Africa & Middle East

တူရကီ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ဂူလန်အား အဓိက ကူညီပေးခဲ့သူအား ဖမ်းမိ

ဂူလန်အား အဓိက ကူညီပေးခဲ့သူ ဟာလစ် ဟန်စီ (မှင်နီဖြင့် ဝိုင်းထားသူ) အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အန်ကာရာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တူရကီတွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ကြိုးကိုင်သူဟု စွပ်စွဲခံရသည့် မူဆလင် ဘာသာရေး ခေါင်း ဆောင် ဖာသူလာ ဂူလန် (Fethullah Gulen) ကို အဓိက ကူညီခဲ့သူ တစ်ဦးအား တူရကီနိုင်ငံက ဖမ်းဆီးရမိခဲ့ ကြောင်း ဒေသဆိုင်ရာ မီဒီယာက ဇူလိုင်လ ၂၃ ရက်၌ ဖော်ပြထားသည်။

ဂူလန်၏ လူယုံတော်အဖြစ် သတ်မှတ်ထားသည့် ဟာလစ် ဟန်စီ (Halis Hanci) သည် အာဏာသိမ်းရန် ကြိုး ပမ်းမှု မပြုလုပ်မီ နှစ်ရက်အလိုက တူရကီသို့ လာရောက်ခဲ့ကြောင်း၊ ၎င်းက အမေရိကန်တွင် နေထိုင်လျက်ရှိ သည့် ဂူလန်ထံသို့ ၁၉၉၉ ခုနှစ်ကတည်းက ငွေကြေးများ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
တူရကီ အာဏာပိုင်များက ဇူလိုင်လ ၂၃ ရက် အစောပိုင်းကလည်း ဂူလန်၏ တူတစ်ဦး ဖြစ်သူ မိုဟာမက် စိန့် ဂူလန်အား ထိန်းသိမ်းထားခဲ့ကြောင်း NTV သတင်း၌ ဖော်ပြထားသည်။
ထို့ပြင် ဂူလန်ကို ပြန်လည်လွှဲပြောင်းပေးရန် တူရကီ သမ္မတ Recep Tayyip Erdogan က အမေရိကန် အစိုး ရထံ ထပ်ခါတလဲလဲ တောင်းဆိုထားသလို တရားဝင်လည်း စာပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၅ ရက်တွင် စတင်ခဲ့သည့် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုက ဇူလိုင်လ ၁၆ ရက်တွင် လုံးဝ မအောင် မမြင် ဖြစ်ခဲ့ပြီး အာဏာ သိမ်းမှုတွင် ပါဝင်ခဲ့သူ ၁၀၀ ကျော် အပါအဝင် အနည်းဆုံး လူ ၂၉၀ ဦး သေဆုံးခဲ့ ကြောင်း တာဝန်ရှိသူများက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.