Connect with us

Africa & Middle East

ယူဂန္ဓာနိုင်ငံ အရှေ့ပိုင်းတွင် အိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၇ဦး သေဆုံး

ယူဂန္ဓာနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် နေအိမ်မီးလောင်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကမ်ပါလာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ယူဂန္ဓာနိုင်ငံ အရှေ့ပိုင်း Bukedea ခရိုင် တွင် စက်တင်ဘာ ၁၁ရက် ညနေပိုင်းက မြက်ဖြင့်ပြုလုပ်ထားသော တဲအိမ်တစ်လုံး မီးလောင်ခဲ့ရာ မိသားစု တစ်စု မှ လူ ၇ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က စက်တင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

East Kyoga ဒေသ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Michael Odongo က Amutoro ရွာ ရှိ Bukedea ကုန်သွယ်ရေးစင်တာတွင် ဒေသစံတော်ချိန် ၂၀း၀၀နာရီက ဓါတ်ဆီထည့်ထားသည့် လောင်စာဆီပုံးတစ်ပုံး မီးလောင်ခဲ့ပြီးနောက် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

၎င်းက တဲအိမ်အပြင်ဘက်တွင် ချက်ပြုတ်နေသော အမျိုးသမီး သည် မီးသွေးမီးဖိုအား တဲအိမ်အတွင်းသို့ ယူလာခဲ့ပြီးနောက် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် လူ ၇ဦးသေဆုံးခဲ့ပြီး အဆိုပါ မိသားစုသည် ဓါတ်ဆီများရောင်းဝယ်သည့် လုပ်ငန်းကို တရားမဝင်လုပ်ကိုင်နေကြောင်း Odongo ကပြောကြားခဲ့သည်။

၎င်း က ဆိုးရွားစွာ မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းများကို ၎င်းတို့၏ ဆွေမျိုးများထံ မအပ်နှံခင် ရင်ခွဲစစ်ဆေးရန် Aturutur ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.