Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarharပြည်နယ်တွင် စက်တင်ဘာ ၁၁ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် Nangarharပြည်နယ် Momand Daraဒေသ ယာဉ်သွားလမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းပြီး စုဝေးပွဲတစ်ခုသို့ လာရောက်သူများအား တိုက်ခိုက်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း အာဖဂန် မီဒီယာများ၏ သတင်းအရ သိရသည်။

Nangarharပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာများကို တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အတည်ပြုပြောကြားသော်လည်း အသေးစိတ်အခြေအနေများနှင့် သေဆုံးဒဏ်ရာရမှု အခြေအနေများ ကို ပြောကြားခြင်းမရှိသေးကြောင်း သိရခဲ့သည်။

ယခုဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုမှာပြင်းထန်ကြောင်း ၊ ဒဏ်ရာရသူအများအပြားမှာ ဒဏ်ရာပြင်းထန် သောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာ ကို ပြောကြားခဲ့သည်။ လက်ရှိတွင် အချင်းဖြစ်ပွားသည့်နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ် ပိတ်ဆို့ထားကြောင်း ၊ တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ယခုနှစ်မှစ၍ ကဘူးလ်နေရာအနှံ့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ လုံခြုံရေးအခြေအနေကောင်းမွန်မှုမရှိပေ။ ပြီးခဲ့သော ဇန်နဝါရီလမှ ဇွန်လအတွင်း အာဖဂန်တွင် လက်နက်ကိုင်ပဋိပက္ခများနှင့်အခြားအကြမ်းဖက်မှုများ ဖြစ်ပွားရာ အရပ်သား စုစုပေါင်း ၅,၁၂၂ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် သေဆုံးသူ ၁၆၉၂ ဦး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.