Africa & Middle East
ယူအေအီးတွင် ကမ္ဘာ့ပထမဆုံး သိမ်းငှက်သင်တန်းကျောင်းဖွင့်လှစ်

ဒူဘိုင်း၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ရှေးဦးအာရပ် တို့၏ သိမ်းငှက်ဖြင့် အမဲလိုက်သည့် ရိုးရာဓလေ့များ၊ စည်းမျဉ်းများ နှင့် ကျင့်ဝတ်များကို သင်ကြားပေးမည့် ကမ္ဘာ့ပထမဆုံး သင်တန်းအား ဒီဇင်ဘာ ၂၀ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်းဋ္ဌာန WAM က ဖော်ပြခဲ့သည်။
သိမ်းငှက်ထိန်းသိမ်းသူ စော်ဘွားများ ကလပ်၏ အမှုဆောင်ဒါရိုက်တာ Majed Ali Al Mansouri က Abu Dhabi မြို့ရှိ Al Ain မြို့နယ်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
သင်တန်းကျောင်းသည် လူသားများ၏ ရှေးဟောင်းအမွေအနှစ် အနုပညာတစ်ခု နှင့် ပိုင်ဆိုင်မှုတစ်ခုအဖြစ် သိမ်းငှက်ထိန်းကျောင်းမှု၏ တန်ဖိုးကို သတိပြုမိမှု တိုးမြင့်လာစေရန် ဖြစ်ကြောင်း သိမ်းငှက်ထိန်းသိမ်းသူ စော်ဘွားများ ကလပ်၏ ဥက္ကဋ္ဌ Sheikh Hamdan bin Zayed Al Nahyan ကပြောကြားခဲ့သည်။
အနာဂါတ်မျုးိဆက်သစ်များအား အာရပ်ကျွန်းဆွယ် နှင့် ယူအေအီးနိုင်ငံ၏ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များကို သင်ကြားပေးရန်အတွက် အဆိုပါ စီမံကိန်းအား ၂၀၁၄ခုနှစ် တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Mansouri က ကမ္ဘာ့အမြင့်ဆုံးစံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့်အညီ ရည်ရွယ်တည်ဆောက်ထားသည့် အဆိုပါသင်တန်းကျောင်း သည် မကြာမီတွင် ရှေးဟောင်းအမွေအနှစ်မျိုးစုံတို့သင်ကြားရာ ဋ္ဌာနတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက နိုင်ငံပိုင် အနုပညာသင်ထောက်ကူပစ္စည်းများ၊ နည်းလမ်းများ နှင့်အတူ သဲကန္တာရအတွင်း စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)