Connect with us

Africa & Middle East

ပါလက်စတိုင်း လုံခြုံရေးပြစ်မှုအကျဉ်းသားများထံသို့ လွှတ်တော်အမတ်များလာရောက်တွေ့ဆုံခြင်းအား အစ္စရေးတားမြစ်

အစ္စရေးနိုင်ငံရှိ Ktzi’ot အကျဉ်းထောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ပါလီမန် က အစ္စရေးအကျဉ်းထောင်များတွင် လုံခြုံရေးဆိုင်ရာပြစ်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းအကျဉ်းသားများထံသို့ လွှတ်တော်အမတ်များလာရောက်တွေ့ဆုံခြင်းကို ဒီဇင်ဘာ ၂၀ရက်က တားမြစ်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ တောင်ပိုင်း ရှိ Ktzi’ot အကျဉ်းထောင်တွင် ဟားမက်စ် အကျဉ်းသားများထံ အစ္စရေး-အာရပ် အနွယ်လွှတ်တော်အမတ် Basel Ghattas က လက်ကိုင်ဖုန်းများ ခိုးသွင်းပေးသည်ကို ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိပြီးနောက် အဆိုပါ တားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်တွင်းလုံခြုံရေးဝန်ကြီး Gilad Erdan က တားမြစ်ချက်အား ပထမဆုံးတင်သွင်းပြီး တစ်ရက်အကြာတွင် ပါလီမန်ကော်မတီက မဲခွဲဆုံးဖြတ်ရာ ၁၂မဲ၁မဲ ဖြင့် အနိုင်ရရှိ၍ အဆိုအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ကော်မတီက လွှတ်တော်အမတ်များအနေဖြင့် လုံခြုံရေးဆိုင်ရာပြစ်မှု အကျဉ်းသားများထံ သွားရောက်တွေ့ဆုံခွင့်မရှိတော့ကြောင်း နှင့် ထိုသို့တွေ့ဆုံခြင်းသည် နိုင်ငံတော်လုံခြုံရေးကို လျော့ပါးစေကြောင်း ပြောကြားခဲ့သည်။ သို့သော် ကော်မတီက အချို့သော တွေ့ဆုံမှုများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ်အကုန်၌ အစ္စရေးအကျဉ်းထောင်များတွင် လုံခြုံရေးပြစ်မှုများဖြင့် ထိန်းသိမ်းထားသည့် ပါလက်စတိုင်း အကျဉ်းသား ၆,၂၉၅ဦးရှိကြောင်း အစ္စရေးလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစည်းဖြစ်သည့် B’Tselem ၏ ဖော်ပြချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.