Connect with us

Africa & Middle East

အလက်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ် မကြာမီ ပြန်လည် အသုံးပြုနိုင်မည်

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လေဆိပ် အလုပ်သမား တစ်ဦးအား ဒီဇင်ဘာလ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အလက်ပို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အရှေ့ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေများအား စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် အလက်ပိုမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား မကြာမီ ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဆီးရီးယား တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၁ ရက်က ပြောကြားလိုက်သည်။

လေဆိပ်ရှိ လေယာဉ် ပြေးလမ်းသည် ၂၀၁၃ ခုနှစ် အစောပိုင်းကတည်းက အသုံးပြု၍ မရတော့ကြောင်း၊ ပြုပြင်မှုများ ပြီးစီးပါက မကြာမီ ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ကြောင်း လေဆိပ် ညွှန်ကြားရေးမှူး Bassem Mansour က သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော်လည်း ပြီးစီးမည့် အချိန်ကိုမူ ၎င်းက ပြောကြားထားခြင်း မရှိသေးပေ။

လေဆိပ်ဝန်းကျင်ရှိ လမ်းကြောင်းများအားလုံး လေယာဉ်များ ဆင်းသက်ရန် စိတ်ချရကြောင်း၊ မကြာမီ ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လေယာဉ် ပြေးလမ်း မီးများ တပ်ဆင်ခြင်း၊ ခရီးသည်များ စောင့်ဆိုင်းရန်နေရာများ ပြင်ဆင်ခြင်းနှင့် လုံခြုံရေးနှင့် အကောက်ခွန်ဆိုင်ရာ စစ်ဆေးခြင်းများအတွက် စက်ပစ္စည်း တပ်ဆင်ခြင်း လုပ်ငန်းများ အပါအဝင် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအား လုပ်ဆောင်နေပြီ ဖြစ်သည်။

နိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းသို့ ချိတ်ဆက်ထားသည့် လေဆိပ်အား သူပုန်များ တိုက်ခိုက်ခဲ့မှုကြောင့် လေဆိပ် လုပ်ဆောင်မှုများအား နှောင့်ယှက်ခံရခြင်းနှင့် အသုံးအဆောင်များ ပျက်စီးခြင်းများ ရှိခဲ့ကြောင်း၊ အလက်ပိုတွင် စစ်ဆင်ရေးများ လုပ်ဆောင်ပြီးနောက် လေဆိပ် ဝန်းကျင်ရှိ လေပိုင်နက်မှာ လုံခြုံမှု ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆီးရီးယား စစ်တပ်သည် အလက်ပိုမြို့အတွင်း စစ်ဆင်ရေး အကြီးအကျယ် လုပ်ဆောင်နေပြီး အလက်ပို အရှေ့ပိုင်း သူပုန် ထိန်းချုပ်ထားရာ နယ်မြေ ၉၉ ရာခိုင်နှုန်းအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.