Connect with us

Africa & Middle East

ရဝမ်ဒါရှိ အကြီးဆုံး အကျဉ်းထောင်အား ပြတိုက်အဖြစ် ပြောင်းလဲ ပြသမည်

ရဝမ်ဒါရှိ အကြီးဆုံး အကျဉ်းထောင်ဖြစ်သည့် ခီဂါးလီ ဗဟို အကျဉ်းထောင် အားတွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)

ခီဂါးလီ၊ဧပြီ၁၂ရက်(ဆင်ဟွာ)

ရဝမ်ဒါနိုင်ငံရှိ အကြီးဆုံး နှင့်သက်တမ်းအကြာဆုံးဖြစ်သော လုံခြုံရေးအတင်းကျပ်ဆုံးဖြစ်ပြီး ၁၉၃၀ အကျဉ်းထောင် ဟု လူသိများသည့် ခီဂါးလီ ဗဟို အကျဉ်းထောင် အား သမိုင်းဝင် ပြတိုက်တစ်ခု အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်း၌ နိုင်ငံတွင်းရှိ နာမည်ကြီး အကျဉ်းသား အများစုကို ထိန်းသိမ်းထားပြီး ၂၀၁၆ခုနှစ် ဇွန်လ တွင် ပြတိုက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ခီဂါးလီ မြို့အာဏာပိုင်များက ပြောကြားခဲ့သည်။
ခီဂါးလီ မြို့တော်ဝန် Monique Mukaruriza က ယင်း အကျဉ်းထောင်ရှိ အကျဉ်းသားများအား Nyarugenge ဒေသတွင် အသစ်ဆောက်လုပ်ထားသည့် Butamwa အကျဉ်းထောင် သို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ပြီး ပြတိုက်အဖြစ်ပြောင်းလဲထားသည့် ခီဂါးလီ ဗဟို အကျဉ်းထောင် မှတစ်ဆင့် ပြည်တွင်း၊ပြည်ပ ခရီးသွားများ သည် ရဝမ်ဒါနိုင်ငံ အကြောင်းကို ပိုမိုလေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက အဆိုပါ အကျဉ်းထောင် အား အထွေထွေပြတိုက်တစ်ခုအနေဖြင့်သာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အကျဉ်းထောင် သမိုင်း ပြတိုက်အဖြစ် ပြသသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ခီဂါးလီ ဗဟို အကျဉ်းထောင် သည် ပြတိုက်ဖြစ်လာပါက ရဝမ်ဒါနိုင်ငံ၏ ကိုးခုမြောက် ပြတိုက်ဖြစ်လာမည် ဖြစ်သည်။
ရဝမ်ဒါနိုင်ငံအတွင်းရှိ ရှားပါးသည့် တောင်တန်းနေ ဂေါ်ရီလာ လူဝံများ၊ သမိုင်းဝင် ပြတိုက်များ၊ လှပသည့် ကြိုးတံတားလျှောက်လမ်းများ စသည့် အထင်ကရ ဆွဲဆောင်မှုများကြောင့် ရဝမ်ဒါနိုင်ငံ၏ ခရီးသွားလုပ်ငန်း သည် ထိပ်ဆုံးသို့ ဆက်လက် တိုးတက်လျက်ရှိကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းသည် ရဝမ်ဒါနိုင်ငံ ၏ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.