Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ အထက်ပိုင်းတွင် ထရပ်ကား နှစ်စီး တိုက်မိမှုကြောင့် ၁၂ ဦး သေဆုံး

အီဂျစ်နိုင်ငံတွင် ခေါင်းချင်းဆိုင် တိုက်မိခဲ့သည့် ထရပ်ကား နှစ်စီး အား တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ အထက်ပိုင်းရှိ အဝေးပြေး လမ်းတစ်ခုတွင် ဧပြီလ ၁၇ ရက်က ထရပ်ကား နှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

ထရပ်ကား နှစ်စီးသည် မြို့တော် ကိုင်ရို အရှေ့မြောက်ပိုင်း ပင်လယ်နီ ကမ်းရိုးတန်း ပြည်နယ်နှင့် အီဂျစ် အထက်ပိုင်းရှိ Sohag ပြည်နယ်ကို ဆက်သွယ်ပေးထာသည့် Safaga-Sohag အဝေးပြေး လမ်းမသစ်ကြီး ပေါ်၌ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပင်လယ်နီ အာဏာပိုင်များက အခင်းဖြစ်ပွားရာ နေရာသို့ အရေးပေါ် လူနာတင်ကား ၉ စီး စေလွှတ်ခဲ့ပြီး လူသေ အလောင်း ၁၂ လောင်းကို Safaga ရေခဲတိုက်သို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၆ ရက်ကလည်း အီဂျစ်နိုင်ငံ တောင်ပိုင်း Aswan ပြည်နယ်တွင် မီးရထားနှင့် ကားတစ်စီး တိုက်မိမှု ကြောင့် လူ ၈ ဦး သေဆုံးပြီး အခြား ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ အစောပိုင်း တွင်လည်း နိုင်ငံတစ်ဝန်း ကားနှင့် ရထား တိုက်မိမှုများကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး၏ ဖော်ပြချက်အရ အီဂျစ်နိုင်ငံ တွင် ယာဉ်မတော်တဆမှုများ ကြောင့် နှစ်စဉ် လူ ၁၂,၀၀၀ ခန့် သေဆုံးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.