Africa & Middle East
ရုရှားနယ်စပ်နှင့်ထိစပ်နေသော ဥရောပဧရိယာများသို့ ခရီးမသွားကြရန် နိုင်ငံသားများအား အီရန်သံရုံးသတိပေး
တီဟီရန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အီရန်သံရုံးက ရုရှားနိုင်ငံသို့လာရောက်သော အီရန်နိုင်ငံသားများအနေဖြင့် နိုင်ငံနယ်စပ် နှင့် ထိစပ်နေသော ဥရောပဧရိယာများသို့ ခရီးမသွားကြရန် နိုဝင်ဘာ ၁ရက်က သတိပေးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းကဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသည် ဥရောပတိုက် နှင့် ထိစပ်နေသော နယ်စပ်ဧရိယာများသို့ ခရီးသွားများလာရောက်လည်ပတ်ခြင်းအား တင်းကျပ်မှုများ ပြုလုပ်နေကြောင်း သံရုံးကထုတ်ပြန်ခဲ့သည်။
ရုရှားသည် ဥရောပတိုက်သို့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုများကို ကာကွယ်ရန် လုပ်ဆောင်နေ၍ ခရီးသွားများအနေဖြင့် ရုရှားရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရနိုင်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
သံရုံးက အီရန်ခရီးသွားများသည် ဗီဇာသက်တမ်းကျော်လွန်၍ ရုရှားနိုင်ငံ၌နေထိုင်ခြင်းမပြုရန်လည်း သတိပေးခဲ့သည်။ (Xinhua)