Connect with us

Africa & Middle East

ရေလွှမ်းမိုးမှုများကြောင့် လူ ၂၁ ဦးသေဆုံးပြီးနောက် ဂျော်ဒန်နိုင်ငံ ဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်

ပင်လယ်သေနယ်မြေတွင် ရေလွှမ်းမိုးမှုကြောင့် ပျောက်ဆုံးနေသူများအား လိုက်လံရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အာမန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေလွှမ်းမှု၍ လူ ၂၁ ဦးသေဆုံးမှုဖြစ်ပွားပြီးနောက် လူထုဖိအားများမှုကြောင့် နိုဝင်ဘာလ ၁ ရက်တွင် ဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်လိုက်ကြောင်း သိရသည်။

ကျောင်းလေ့လာရေးခရီးစဉ်တစ်ခုတွင် ကျောင်းနေအရွယ်ကလေးငယ်အများစုပါဝင်သော ဂျော်ဒန်နိုင်ငံသားနှင့် အီရတ်နိုင်ငံသား ၂၁ ဦး သေဆုံးခဲ့ရသည့် ရေလွှမ်းမိုးမှုဖြစ်ပြီးနောက်ဆက်တွဲ လူထုဆူပူမှုဖြစ်ပွားခဲ့ကာ ဂျော်ဒန်နိုင်ငံ ပညာရေးဝန်ကြီး Azmi Mahafza နှင့် ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းသုတေသနဝန်ကြီး Lina Annab တို့က နိုဝင်ဘာလ ၁ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်းစာတင်ခဲ့သည်။

ဂျော်ဒန်နိုင်ငံဘုရင် Abdullah II သည် ပင်လယ်သေနယ်မြေအနီးတွင် အောက်တိုဘာလ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ညွှန်ကြားခဲ့သည်။

လူသေဆုံးမှုအတွက် တာဝန်ရှိသူများ နုတ်ထွက်ပေးရေးရန် ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက လူမှုမီဒီယာပေါ်တွင် နိုင်ငံသားများက တောင်းဆိုမှုများရှိလာပြီးနောက် ယခုလို ဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနက ပြောကြားရာတွင် ပင်လယ်သေနယ်မြေသို့ သွားရောက်ခဲ့သည့်ခရီးစဉ်ကို စီစဉ်ခဲ့သော အဆိုပါ စာသင်ကျောင်းမှာ မူလက Al Azraq နယ်မြေသို့ သွားရောက်ရန်ခွင့်ပြုချက်ရရှိထားသည်ကို ဖောက်ဖျက်၍ လမ်းကြောင်းပြောင်းကာ မြို့ပြကာကွယ်ရေးဌာနနှင့် ဂျော်ဒန် မိုးလေဝသဌာနတို့မှ လွန်ခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုဖြစ်ပွားခဲ့သဖြင့် သတိပေးထားသည့် ပင်လယ်သေနယ်မြေသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.