Connect with us

Africa & Middle East

ဆော်ဒီသတင်းထောက် အသတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း တူရကီ အစိုးရရှေ့နေပြောကြား

ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံရသည့် ဆော်ဒီသတင်းထောက် Jamal Khashoggi၏ ရုပ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အစိုးရရှေ့နေချုပ်ရုံးက ဆော်ဒီသတင်းထောက် Jamal Khashoggi သည် အစ္စတန်ဘူလ်မြို့ ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လည်ပင်းညစ်သတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း အောက်တိုဘာ ၃၁ ရက်ကပြောကြားခဲ့သည်။

ကြိုတင်စီစဉ်ထားသော အစီအစဉ်များအရ Jamal Khashoggi သည် လက်ထပ်ထိမ်းမြားခြင်းကိစ္စဆောင်ရွက်ရန် အောက်တိုဘာ ၂ရက် တွင် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းသို့ ဝင်ရောက်လာစဉ် သေဆုံးသည်အထိ ရုတ်တရက် လည်ပင်းညှစ်သတ်ခံရကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အသက်ရှူကြပ်၍ သေဆုံးသွားသော Jamal Khashoggi ၏ ခန္ဓာကိုယ်ကို ကြိုတင်စီစဉ်ထားသည့်အတိုင်း အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်၍ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

အစိုးရရှေ့နေရုံးက အစ္စတန်ဘူလ်မြို့တွင် ဆော်ဒီအာရေဗျ၏ ထိပ်တန်း အစိုးရရှေ့နေ Sheikh Saud al-Mojeb နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် Khashoggi သတ်ဖြတ်ခံရမှုနောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်ရန် အပြုသဘောဆောင်သည့် ရည်ရွယ်ချက်များစွာရှိသော်လည်း တိကျခိုင်မာသည့် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.