Connect with us

Africa & Middle East

ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီများကို အမေရိကန်ကတားဆီးနေကြောင်း အီရန်သမ္မတပြော

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတဟတ်ဆန်ရိုဟာနီက ယခုရက်ပိုင်း၌ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ရေဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် နိုင်ငံတကာ၏ ပြန်လည်ထူထောင်ရေးအကူအညီများကို အီရန်သို့ပေးပို့ခွင့်မရအောင် အမေရိကန်က တားဆီးပိတ်ပင်မှုများပြုလုပ်နေကြောင်း ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။

အီရန်လခြမ်းနီအဖွဲ့ထံ နိုင်ငံရပ်ခြားမှ ပြန်လည်ထူထောင်ရေးအကူအညီများပေးပို့၍ မရအောင်ပိတ်ပင်တားဆီးသည့် အမေရိကန်၏လုပ်ရပ်မှာ “ရာဇဝတ်မှု” ဖြစ်ကြောင်း ရိုဟာနီ၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်IRNA သတင်းအေဂျင်စီကဖော်ပြခဲ့သည်။

အမေရိကန်၏ ရာဇဝတ်မှုအပေါ် တရားစွဲဆိုသွားရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအား ရိုဟာနီက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သော ဧပြီ ၂ ရက်က အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Javad Zarif ကလည်း နိုင်ငံအတွင်းရေဘေးသင့်ပြည်သူများထံ နိုင်ငံတကာအကူအညီများပေးပို့၍ မရအောင် အမေရိကန်က ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ အမေရိကန်၏ အဆက်မပြတ်ဖိအားပေးမှုသည် စီးပွားရေးအကြမ်းဖက်ဝါဒ လုပ်ဆောင်ချက်တစ်ခုအဖြစ် ၎င်းကဆိုသည်။

လွန်ခဲ့သော ရက်သတ္တပတ် ၂ ပတ်ကတည်းက အီရန်နိုင်ငံအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးရေလျှံမှုကြောင့် လူပေါင်း အနည်းဆုံး ၆ဝ သေဆုံးပြီး ၄၇၈ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ရေတိုက်စားမှု နှင့် ရေကြီးရေလျှံမှုကြောင့် လူနေရပ်ကွက်များစွာ ပျက်စီးခဲ့သလို စိုက်ပျိုးရေးကဏ္ဍ နှင့် အခြေခံအဆောက်အအုံပိုင်းများလည်း အလုံးအရင်းဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထို့ပြင် ကျေးရွာ နှင့် မြို့နယ်ပေါင်းများစွာတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရွာအချို့မှာ ရွှံ့နွံ နှင့် မြေ အောက်သို့နစ်မြုပ်ဖုံးကွယ် ခံရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.