Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံ မြောက်ပိုင်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၁၄ ဦး သေဆုံး

မော်ရိုကိုတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရာဘတ်၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ မြောက်ပိုင်းတွင် ဧပြီ ၃ ရက် နံနက်က ဆိုးဝါးသည့်ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွား ရာ လူ ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ မြောက်ဘက် ၁၄၀ ကီလိုမီတာအကွာရှိ Moulay Bousselhamမြို့အနီး တွင် ခရီးသည်အပြည့်တင်ဆောင်လာသည့် ထရပ်ကားသည် အခြားယာဉ်တစ်စီးနှင့် တိုက်မိမှုကြောင့် လူသူသေဆုံးဒဏ်ရာမှုများ ဖြစ်ပွားခဲ့ရကြောင်း မော်ရိုကိုနိုင်ငံ အစိုးရသတင်းမီဒီယာများက ဖော်ပြထား သည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများက အချင်းဖြစ်နေရာကို သွားရောက်ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိရာ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ် ကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.