Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်တွင် သေနတ်အပြန်အလှန်ပစ်ခတ်မှုများကြောင့် လူ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

အာဖဂန် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ဒီဇင်ဘာ ၃ ရက်က အရပ်သားနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင် အကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲဝန်ထမ်း ၁ ဦး သေဆုံးပြီး အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအချင်းဖြစ်ရပ်မှာ ကဘူးလ်မြို့အမှတ် ၄ ရဲတပ်ဖွဲ့နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များက တရားရုံးအမိန့်ချမှတ်ချက်အရ အမျိုးသားတစ်ဦးအား နေအိမ်မှရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့သည်ကို ၎င်းအမျိုးသားက ငြင်းဆိုခဲ့ကြောင်း ၊ထို့နောက် ၎င်းအမျိုးသားနှင့် ၎င်း၏ကိုယ်ရံတော်များက ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် သတင်းထောက် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်မီဒီယာများက ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ စကားကို ကိုးကားဖော်ပြထားသည်။

အချင်းဖြစ်ရပ်မှာ ဒီဇင်ဘာ ၃ ရက် ၁၄ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၃ နာရီကြာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနီးရှိ ယာဉ်လမ်းကြောများ ပိတ်ဆို့မှုများခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ၁၇ နာရီခန့်တွင် အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရဲဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.