Connect with us

Africa & Middle East

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင် ဗုံးကြဲတိုက်ခိုက် ၊ ပါလက်စတိုင်းဘက်မှ လူ ၂၀ ဦးသေဆုံး

ဂျေရုဆလင် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၀ ရက်ညပိုင်းအချိန်၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် အစ္စရေးနိုင်ငံအနေဖြင့် ယင်းနေ့၌ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်(Hamas) အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနအရာရှိတစ်ဦးက အစ္စရေးနိုင်ငံ၏ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၂၀ သေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၉ ဦးမှာ ကလေးသူငယ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်တွင် မေ ၁၀ ရက် ၁၈ နာရီ မှ ညပိုင်းအချိန်ထိ ဂါဇာဒေသ မှ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံ သို့ ဒုံးကျည်အစင်းပေါင်း ၁၅၀ ကျော် ပစ်လွှတ်ခဲ့ပြီး ၎င်းတို့အနက် ၁၀ စင်းအား တားဆီးနိုင်ခဲ့ကြောင်း ၊ လက်တုံ့ပြန်မှုအနေဖြင့် အစ္စရေးနိုင်ငံ စစ်ဘက်ဆိုင်ရာက ဂါဇာဒေသရှိ Hamas အဖွဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အမြောက်အများကို ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုအတွင်း ဒုံးကျည်ပစ်လွှတ်သည့်စင် နှစ်ခု ၊ စစ်ဘက်ဆိုင်ရာ ကင်းစောင့်ဂိတ်နှစ်ခု ၊ မြောက်အောက်လှိုင်ခေါင်းတစ်ခု တို့ကို ဗုံးကြဲဖျက်ဆီးနိုင်ခဲ့ပြီး Hamas အဖွဲ့ဝင် ၈ ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ သတင်းမီဒီယာများ၏ဖော်ပြချက်အရ ဂါဇာဒေသမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကြောင့် အစ္စရေးနိုင်ငံသား နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အစ္စရေးနိုင်ငံ၌ စာသင်ကျောင်း နှင့် လူစုလူဝေးဖြစ်စေနိုင်သောလှုပ်ရှားမှုများကို ရပ်နားခဲ့ပြီး အများပြည်သူလေကြောင်းကာကွယ်ရေးအဆောက်အဦးများကို ဖွင့်လှစ်ပေးလိုက်ကြောင်း သိရှိရသည်။

ဂါဇာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန အရာရှိ၏ ပြောဆိုချက်ဖြင့် အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့ရပြီး ၆၅ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများအနက် ၉ ဦးမှာ ကလေးငယ်များဖြစ်ကြောင်း ပါလက်စတိုင်းသတင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ Hamas အဖွဲ့ ကလည်း အစ္စရေးနိုင်ငံအား ဒုံးကျည်များဖြင့် တိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu က မေ ၁၀ ရက်ညပိုင်းအချိန်၌ မိန့်ခွန်းပြောကြားရာတွင် Hamas အဖွဲ့ အနေဖြင့် မျဉ်းနီကို ကျော်လွန်သွားပြီဖြစ်သောကြောင့် အစ္စရေနိုင်ငံ က ပြင်းထန်သည့် တုံ့ပြန်မှုဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိချိန်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ်က ယခုဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ အစ္စရေးနိုင်ငံ အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးမှုဆောင်ရွက်နေကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ဂျေရုဆလင်သို့ဝင်ရောက်သည့် စစ်ဆေးရေးဂိတ်တွင် အင်အားများစွာ ပိုမိုချထားခဲ့ပြီး မကြာမီရောက်ရှိတော့မည့် အိဒ်စ်နေ့ နှင့် ပါလက်စတိုင်း Nakba Day ကာလတွင် လုံခြုံမှုရှိစေရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)
(国际)以色列轰炸加沙地带 巴勒斯坦方面20人死亡
2021-05-11 07:02:00 分类: 政治法律
新华社耶路撒冷5月10日电(记者尚昊)以色列国防军10日晚发表声明说,以军当天轰炸了巴勒斯坦伊斯兰抵抗运动(哈马斯)位于加沙地带的多处军事目标。巴勒斯坦卫生部门官员说,以军的轰炸造成巴方20人死亡,其中包括9名儿童。
声明说,当地时间10日18时至午夜,加沙地带的武装人员向以色列发射逾150枚火箭弹,其中数十枚被拦截。作为回应,以军空袭了哈马斯位于加沙地带的多处军事目标,其中包括两个火箭弹发射架、两个军事哨所、一处地道,并打死8名哈马斯武装人员。
据以色列媒体报道,来自加沙地带的火箭弹在以色列造成两人受伤。以色列多地宣布暂停学校授课和聚集性活动,并开放公共防空设施等。
巴勒斯坦媒体援引加沙地带卫生部门官员的话报道说,以军的轰炸在加沙地带拜特哈嫩镇东部造成20人死亡、65人受伤,死者中包括9名儿童。哈马斯和巴勒斯坦伊斯兰圣战组织(杰哈德)宣布对以色列发动了火箭弹袭击。
以色列总理内塔尼亚胡10日晚发表声明说,哈马斯已“越过红线”,以色列将作出“强力回应”。目前,内塔尼亚胡正就当前局势与以方高级官员进行磋商。
据以色列媒体报道,以警方和国防军已在耶路撒冷和入境检查站等地部署大量军警,以确保即将到来的开斋节及巴勒斯坦“灾难日”期间的安全。(参与记者:熊思浩)(完)

Photo
这是5月10日拍摄的加沙地带南部的拉法城市上空空袭后产生的火光。新华社发(哈利德•奥马尔摄)