Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ဘုရားကျောင်း၌ အဓိကရုဏ်း ထပ်မံဖြစ်ပွား ၊ လူပေါင်း (၂၀၀)ကျော် ဒဏ်ရာရရှိ

ဂျေရုဆလင်၊ မေ ၁၁ ရက်(ဆင်ဟွာ)

ပါလက်စတိုင်း ပြည်သူလူထုနှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်များအကြား မေ ၁၀ ရက်က ဂျေရုဆလင်မြို့ဟောင်း Temple Mount ဘုရားကျောင်းတွင် အဓိကရုဏ်းပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း (၂၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။မေလ ၁၀ ရက်နေ့သည် အစ္စရေးတို့၏ ၁၉၆၇ ခုနှစ် ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့သည့် “ဂျေရုဆလင်နေ့”အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည်။ အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ပါလက်စတိုင်းလူထုက Temple Mountမှ ယင်းနေရာတွင် စောင့်ကြပ်နေသည့် အစ္စရေးရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲနှင့်ပစ်ပေါက်ခြင်း စသည်တို့ ပြုလုပ်ခဲ့ရာ အစ္စရေးရဲတပ်ဖွဲ့ကလည်း ရာဘာကျည်၊flashbangများနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

ဂျေရုဆလင်မြို့ဟောင်း Temple Mountအနီးတွင် အစ္စရေးရဲတပ်ဖွဲ့ဝင်များက ပါလက်စတိုင်း ဆန္ဒပြသူ တစ်ဦးအား ဖမ်းဆီးနေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးရဲတပ်ဖွဲ့က ယင်းနေ့ဖြစ်ပွားသည့် အဓိကရုဏ်းကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ လက်ရှိ Temple Mountတွင် အခြေအနေ ပြန်လည်အေးချမ်းသွားပြီဖြစ်ပြီး အစ္စရေးရဲတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျေရုဆလင်မြို့ဟောင်း Temple Mountအဓိကရုဏ်းတွင် ဒဏ်ရာရသည့် ပါလက်စတိုင်း ဆန္ဒပြသူအား ဆေးကုသရန် ပို့ဆောင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါလက်စတိုင်း လခြမ်းနီအသင်းက အချင်းဖြစ်ရပ်ကြောင့် အနည်းဆုံးပါလက်စတိုင်း(၂၁၅)ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် (၁၅၄)ဦးကို ဆေးကုသပေးလျက်ရှိကြောင်း ဆိုသည်။

ဂျေရုဆလင်မြို့ဟောင်း Temple Mountအနီးတွင် အစ္စရေး ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဥပုသ်လမှစပြီး ပါလက်စတိုင်းနှင့်အစ္စရေး ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ အထူးသဖြင့် ပြီးခဲ့သည့်အပတ် စနေ၊တနင်္ဂနွေနောက်ပိုင်း အခြေအနေတင်းမာမှုများ ပို၍ဆိုးဝါးလာခဲ့သည်။ အစ္စရေးရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်းလခြမ်းနီအသင်း၏ ကိန်းဂဏန်းများအရ မေ ၇ ရက်မှ ၉ ရက်အထိ နှစ်ဖက် ဂျေရုဆလင်တွင် ဖြစ်ပွားသည့် အဓိကရုဏ်းများကြောင့် အစ္စရေးရဲတပ်ဖွဲ့ဝင် (၂၀)ကျော်နှင့် ပါလက်စတိုင်း (၃၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် မေ ၇ ရက်တွင် Temple Mountတွင် ဖြစ်ပွားသည့် အဓိကရုဏ်းကြောင့် အစ္စရေးရဲ (၁၇)ဦး ၊ ပါလက်စတိုင်း (၂၀၅)ဦး ဒဏ်ရာရရှိခဲ့သည်။

ဂျေရုဆလင်မြို့ဟောင်း Temple Mountအနီးတွင် အစ္စရေး ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် ဂါဇာ၊ အစ္စရေးနယ်စပ်ဒေသတစ်လျှောက် ပဋိပက္ခဖြစ်ပွားမှုများသည် ယခုရက်ပိုင်း ထပ်တိုးလာကြောင်း သိရသည်။

 

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ “ဂျေရုဆလင်နေ့”၊ ဥပုသ်ပွဲတော်နှင့် ပါလက်စတိုင်း”Nakba Day”ကာလများအတွက် ဂျေရုဆလင်နှင့် ပြည်ဝင်ခွင့်စစ်ဆေးရေးဂိတ်စသည့် နေရာများတွင် အစ္စရေးရဲနှင့်စစ်တပ် လုံခြုံရေးတိုးမြှင့်ချထားပြီ ဖြစ်ကြောင်း သိရသည်။

ဂျေရုဆလင်မြို့ဟောင်း Temple Mountသည် ဂျူးဘာသာနှင့်အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာနေရာဖြစ်သလို ကာလရှည်ကြာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားရာ စုံမှတ်နေရာလည်း ဖြစ်သည်။ အစ္စရေးသည် ၁၉၆၇ ခုနှစ် တတိယအကြိမ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ဂျော်ဒန်လက်ထဲမှ ဂျေရုဆလင်မြို့ဟောင်း၏ ထိန်းချုပ်ပိုင်ခွင့်ကို ရယူခဲ့သည်။ ဂျော်ဒန်-အစ္စရေး နှစ်နိုင်ငံ သဘောတူညီချက်အရ Temple Mount၏ တရားစီရင်ပိုင်ခွင့်ကို ဂျော်ဒန်က ဆက်လက်ပိုင်ဆိုင်ပြီး လုံခြုံရေးကို အစ္စရေး ရဲတပ်ဖွဲ့က ချုပ်ကိုင်ထားသည်။
—————————————
(Chinese Version)

(国际)巴以再度在圣殿山爆发冲突 200余人受伤

新华社耶路撒冷5月10日电(记者尚昊)巴勒斯坦民众与以色列警察10日再度在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)爆发严重冲突,目前已致200余人受伤。
10日恰逢以色列纪念1967年占领东耶路撒冷的“耶路撒冷日”。据以色列媒体报道,大批巴勒斯坦民众在圣殿山向驻守在此的以警察投掷石块等,以警察发射橡皮子弹和闪光弹等进行回击。
以警方说,当天的冲突致9名警察受伤。目前,圣殿山已恢复“平静”,以警察“将继续采取行动维护法律和秩序”。
巴勒斯坦红新月会说,冲突造成至少215名巴勒斯坦人受伤,其中154人送医。
自斋月以来,巴以双方冲突事件持续发生,特别是自上周末以来,紧张局势有所加剧。以色列警方和巴勒斯坦红新月会数据显示,自7日至9日,双方在耶路撒冷的冲突已造成20余名以色列警察及300余名巴勒斯坦人受伤。其中,双方7日在圣殿山的冲突造成17名警察和205名巴勒斯坦人受伤。
此外,约旦河西岸以及加沙和以色列边境地带的冲突事件近日也有所增加。
据以色列媒体报道,以警方和国防军已在耶路撒冷和入境检查站等地部署大量军警,以确保“耶路撒冷日”、开斋节及巴勒斯坦“灾难日”期间的安全。
位于耶路撒冷老城的圣殿山(穆斯林称“尊贵禁地”)为犹太教和伊斯兰教圣地,长期以来是巴以冲突的焦点。以色列在1967年第三次中东战争中从约旦手中夺取耶路撒冷老城的控制权。根据约以两国达成的协议,圣殿山的管辖权仍归约旦,治安权则由以色列警方控制。(完)
图说1:5月10日,在耶路撒冷老城圣殿山(穆斯林称“尊贵禁地”),巴勒斯坦民众参加抗议活动。
图说2:5月10日,在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)附近,以色列警察逮捕一名巴勒斯坦示威者。
图说3: 5月10日,一名在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)冲突中受伤的巴勒斯坦示威者被送医救治。
图说4: 5月10日,以色列警察在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)附近执行任务。
图说5: 5月10日,在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)附近,一名巴勒斯坦示威者受伤送医。
图说6:5月10日,以色列警察在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)附近执行任务。