Africa & Middle East
အစ္စရေးဝန်ကြီးချုပ်သည် စင်ကာပူနိုင်ငံ နှင့် သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်
ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု သည် စင်ကာပူနိုင်ငံ နှင့် သြစတြေးလျနိုင်ငံများသို့ အစ္စရေးဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပထမဆုံး တရားဝင်ခရီးစဉ်သွားရောက်ရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် အစ္စရေးနိုင်ငံမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ယင်းခရီးစဉ်များသည် အဆိုပါနိုင်ငံများ နှင့် လုံခြုံရေး၊ စီးပွားရေး နှင့် အခြားသော ကဏ္ဍများတွင် ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နေတန်ရာဟု က ဂျေရုဆလင်တွင် ပြုလုပ်သည့် အပတ်စဉ်ဝန်ကြီးများအစည်းအဝေး မတိုင်ခင် ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် နေတန်ရာဟုသည် စင်ကာပူ သမ္မတ တိုနီတန်ကန်ယန် နှင့် ဝန်ကြီးချုပ် လီရှန်လွန်း တို့နှင့် တွေ့ဆုံကာ လုံခြုံရေး နှင့် စီးပွားရေး အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ပါရှိသည်။
သြစတြေးလျနိုင်ငံ သို့ ရောက်ရှိစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် နှင့် သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့သည် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ခန့်မှန်းရသည်။
West Bank ဒေသတွင် ဂျူးတို့၏ အခြေချနေထိုင်မှုများ ကျယ်ပြန့်လာခြင်းအပေါ် နိုင်ငံတကာက ဝေဖန်မှုများ မြင့်တက်နေသည့်ကြားက တစ်ပတ်ကြာ ခရီးစဉ်သည် စီးပွားရေး နှင့် သံတမန် ဆက်ဆံရေးသစ်များ ပေါ်ထွက်လာစေရန် နေတန်ရာဟု၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်မြို့တွင် နေတန်ရာဟု နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပြီး သုံးရက်အကြာတွင် ယင်းခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)