Connect with us

Africa & Middle East

အင်္ဂ ါဂြိုဟ်ပေါ်မှာ မြို့တည်ရန် ယူအေအီး စီစဉ်


အဘူဒါဘီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများ ပြည်ထောင်စုက ၂၁၁၇ ခုနှစ်တွင် အင်္ဂ ါ ဂြိုဟ် (Mars) ပေါ်တွင် မြို့တစ်မြို့ တည်ဆောင်ရန် စီစဉ်ထားကြောင်း ကြေညာလိုက်သည်။

“အဲဒီ စီမံကိန်းကို Mars 2117 လို့ အမည်ပေးထားပါတယ်၊ အင်္ဂ ါ ဂြိုဟ်ပေါ်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ အသိုက်အဝန်း တစ်ခု မြို့ တစ်မြို့ ဖန်တီးဖို့ ရည်မှန်းချက်တွေ ပေါင်းစုထားတယ်” ဟု ယူအေးအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပသည့် ငါးကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစိုးရ ထိပ်သီး အစည်းအဝေးပြီးနောက် ယူအေအီး ဒုတိယ သမ္မတနှင့် ဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ်-မက်တော်မ်က ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

အင်္ဂ ါဂြိုဟ်ပေါ်တွင် တည်ဆောက်မည့် မြို့ ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

Mars 2117 သည် ကာလရှည် စီမံကိန်း တစ်ခု ဖြစ်ပြီး မားစ်ဂြိုဟ်ပေါ်တွင် လူသားများ၏ စူးစမ်းရှာဖွေမှုအား တွန်းအားပေးသည့်အနေဖြင့် လည်းကောင်း၊ အာကာသ စူးစမ်းရှာဖွေရာတွင် စိတ်အားထက်သန်သော အာရပ်စော်ဘွားများ ပြည်ထောင်စုမှ လူငယ်များအတွက် နေရာတစ်ခု တည်ဆောက်ပေးရန် ရည်ရွယ်ကြောင်း၊ ယခု စီမံကိန်း လုပ်ဆောင်ရခြင်း၏ ပထမ ရည်မှန်းချက်မှာ အမျိုးမျိုးသော နယ်ပယ်များ၌ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ဦးဆောင်နိုင်ရန် ပညာရေး စနစ်အား ဖွံ့ဖြိုး တိုးတက်ရန် ဖြစ်ကြောင်း ရှိတ် မိုဟာမက်က တရားဝင် သတင်းထုတ်ပြန်ချက် တစ်စောင်၌ ပြောကြားထားသည်။

အာကာသ ခရီးသွား သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် အင်္ဂ ါဂြိုဟ်ပေါ်သို့ အစားအစာ သယ်ယူရေး စသည်တို့အား သုတေသန လုပ်ရဦးမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကနဦး အစီအစဉ်အရ အင်္ဂ ါဂြိုဟ်ပေါ်၌ စက်ရုပ်များ အသုံးပြုကာ မြို့တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းမြို့သည် အကြမ်းဖျင်းအားဖြင့် ချီကာဂိုမြို့ အရွယ်အစားရှိပြီး လူဦးရေ ခြောက်သိန်းခန့်နေထိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.