Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ ၌ ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားရာ ၃၀ ဦးသေဆုံး

ဆိုမာလီယာ နိုင်ငံ မြို့တော် Mogadishu တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးဖောက်ခွဲမှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆိုမာလီယာ သတင်းအချက်အလက် ဌာန နှင့် ဒေသတွင်း အစိုးရ ဌာန တို့က ဆိုမာလီယာ နိုင်ငံ မြို့တော် Mogadishu ၏ လူထူထပ်ရာ ဈေးတစ်ခု တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရသဖြင့် ၃၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိစေခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ဆိုမာလီယာ နိုင်ငံ အမျိုးသား သတင်းအချက်အလက် နှင့် လုံခြုံရေး ဌာန ၏ အရာရှိ တစ်ဦးက ကားဗုံးပေါက်ကွဲမှု သည် မြို့တော် ၏ Wadajir ဒေသ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်သည် လူစည်ကားနေသည့် အချိန်ဖြစ်ကာ ဒဏ်ရာရရှိသူများတွင် စစ်သားများနှင့် အရပ်ဘက် ပြည်သူများလည်း ပါဝင် ကြောင်း ပြောကြား ခဲ့သည်။

Wadajir ဒေသ အုပ်ချုပ်ရေးမှူး ကလည်း သေဆုံးခဲ့သူ အများစု မှာ အမျိုးသမီးများ နှင့် ကလေးငယ် များ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများကို အနီးအနားရှိ ဆေးရုံများသို့ အရေးပေါ်ကုသမှု ဆောင်ရွက်ရန် ပို့ဆောင်ပေးခဲ့ကြောင်း ၊ တိုက်ခိုက်မှုသည် ပြင်းထန် သောကြောင့် သူဆုံးသူ စာရင်းသည် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိချိန်ထိ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ကို ပြုလုပ်ကြောင်း မည်သည့် အဖွဲ့အစည်း မှ ကြေညာခြင်း မရှိသော်လည်း ယခင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် Al-Qaeda အဖွဲအစည်း နှင့် ဆက်သွယ်မှု ရှိသည့် ဆိုမာလီယာ အစွန်းရောက်အဖွဲ့အစည်း “လူငယ်ပါတီ” မှ လုပ်ဆောင်လေ့ရှိကြောင်း တွေ့ရှိရသည်။ထို့ပြင် ယင်း အစွန်းရောက်အဖွဲ့အစည်း သည် လက်တလော တွင် အကြမ်းဖက် တိုက်ခိုက်မှု များကို အကြိမ်ကြိမ် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117