Africa & Middle East
အစ္စရေး မောင်းသူမဲ့လေယာဉ်များက ဂါဇာရှိ စစ်စခန်းများကို တိုက်ခိုက်
ဂါဇာ၊ မတ် ၃ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်၏ မောင်းသူမဲ့လေယာဉ်များသည် အစ္စရေးနယ်စပ် နှင့် ထိစပ်နေသော ဂါဇာကမ်းမြောင်ဒေသ အရှေ့ဘက်ရှိ စစ်စခန်းများကို မတ် ၂ ရက် က တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ နှင့် ဂါဇာရှိ ပြည်တွင်း အသံလွှင့်ရုံတစ်ခုက ပြောကြားခဲ့သည်။
၎င်းတို့က အစ္စရေးစစ်တပ်၏ မောင်းသူမဲ့လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသ အရှေ့ဘက်ရှိ ဟားမတ်စ် တို့ ပိုင်ဆိုင်သည့် စစ်စခန်း ၃ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာ နှင့် မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသမှ တက်ကြွလှုပ်ရှားသူများသည် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသော မိုးပျံပူဖောင်းများစွာကို ဂါဇာဘက်မှ အစ္စရေးဘက်သို့ လွှတ်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ အစ္စရေးက လေကြောင်းဖြင့် တိုက်စစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဂါဇာဘက်မှ အစ္စရေးတောင်ဘက်သို့ မိုးပျံပူဖောင်းများ လွှတ်တင်မှုကို တုံ့ပြန်သည်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ ရှိ ဟားမတ်စ်တို့၏ စစ်စခန်းများကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု ၌ အတည်ပြုပြောကြားခဲ့သည်။ (Xinhua)