Connect with us

Africa & Middle East

ဆီးရီးယား အရှေ့ပိုင်းတွင် အမေရိကန်ဦးဆောင်သော IS ဆန့်ကျင်ရေး မဟာမိတ်တပ်က ဖော့စဖောရက်ဗုံးများဖြင့် တိုက်ခိုက်

ဆီးရီးယားနိုင်ငံသို့ အမေရိကန်ဦးဆောင်သောမဟာမိတ်တပ်ဖွဲ့က ၂၀၁၈ခုနှစ် မတ် ၂၃ ရက်တွင် အဖြူရောင်ဖော့စဖောရက်ဗုံးများ ကြဲချစဉ် (ဆင်ဟွာ/AFP)

ဒမတ်စကပ်စ်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS စစ်သွေးကြွများ ထိန်းချုပ်ထားသော ဧရိယာတစ်ခုကို အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က မတ် ၃ ရက်တွင် အဆိပ်သင့် အဖြူရောင်ဖော့စဖောရက်ဗုံးများ ဖြင့် တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးခဲ့ကြောင်း SANA သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် Deir al-Zour ပြည်နယ် အရှေ့ပိုင်း Euphrates River ဒေသ အရှေ့ဘက်ရှိ IS တို့နောက်ဆုံးထိန်းချုပ်ထားသော Baghouz မြို့ ၏ စိုက်ခင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SANA ကဖော်ပြခဲ့သည်။

Baghouz မြို့မှ ပြည်သူ ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းထွက်ခွာသွားပြီးနောက် ယင်းမြို့ရှိ IS စစ်သွေးကြွလက်ကျန်များကို အမေရိကန်ကကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) က နောက်ဆုံးထိုးစစ်ဆင်မှုများပြုလုပ်နေစဉ် ယင်းတိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် IS စစ်သွေးကြွများအား နောက်ဆုံးထိုးစစ်စင်မှုများပြုလုပ်နေသည့် SDF တပ်ဖွဲ့အား ၂၀၁၈ခုနှစ် စက်တင်ဘာလကတည်းက ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆီးရီးယားအစိုးရသည် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့အနေဖြင့် IS စစ်သွေးကြွများအား တိုက်ခိုက်ရာတွင် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း အကြိမ်ပေါင်းများစွာ စွပ်စွဲပြစ်တင်ခဲ့ပြီး ယင်းမဟာမိတ် တပ်ဖွဲ့ပြဿနာအားဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းအား အကူအညီတောင်းခံထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.