Africa & Middle East
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစ္စရေးဝန်ကြီးချုပ်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်
																								
												
												
											ဂျေရုစလင်၊ နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့် သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu အား ဝါရှင်တန်၌ ၎င်းနှင့် တွေ့ဆုံရန် နိုဝင်ဘာ ၉ရက် ဖုန်းပြောစဉ်က ဖိတ်ခေါ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu သည် ထရန့်၏ အောင်မြင်မှုအား ဂုဏ်ပြုခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် တစ်ဦး နှင့် တစ်ဦး နှစ်ပေါင်းများစွာ သိရှိခဲ့ကာ နွေးထွေးပျူငှာသည့် ဆက်ဆံရေးများ ရှိကြောင်း ဝန်ကြီးချုပ်ရုံး ၏ ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ဒေသဆိုင်ရာ အရေးကိစ္စများဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ပါရှိသည်။
ထရန့်သည် Netanyahuအား အမေရိကန်နိုင်ငံ၌ တွေ့ဆုံရန် ပထမဆုံး ဖိတ်ခေါ်ခဲ့ခြင်းကြောင်း သိရသည်။
အဆိုပါနေ့အစောပိုင်း၌ Netanyahu က ထရန့် အား အစ္စရေးနိုင်ငံ၏ မိတ်ဆွေစစ်တစ်ယောက်ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံ မဟာမိတ်ဖွဲ့မှုအား ပိုမိုအားကောင်းလာစေပြီး ထိုမှတစ်ဆင့် မြင့်မားသည့် နယ်ပယ် ကဏ္ဍများသို့ တက်ရောက်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)
