Connect with us

Africa & Middle East

ဆော်ဒီတွင် မန်နေဂျာတစ်ဦးက ဝန်ထမ်းအား မုတ်ဆိတ်အတင်းအကျပ်ရိတ်ခိုင်းမှုကြောင့် ထောင်ချခံရ

ဆော်ဒီအာရေဗျနိုင်ငံ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ နိုဝင်ဘာ ၁၅ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ တရားရုံးတစ်ခု သည် အာရှအလုပ်သမားတစ်ဦးအား ဝန်ထမ်းများရှေ့တွင် ၎င်း၏ မုတ်ဆိတ်အား အတင်းအကျပ်ရိတ်ခိုင်းမှုဖြင့် အာရပ်လူမျိုး မန်နေဂျာတစ်ဦးအား ထောင်ဒဏ် တစ်နှစ် နှင့် ကြိမ်ဒဏ် အချက် ၉၀၀ ချမှတ်ခဲ့ကြောင်း ပြည်တွင်းသတင်းစာ Okaz က နိုဝင်ဘာ ၁၄ရက်တွင် ဖော်ပြခဲ့သည်။

ယင်းမန်နေဂျာက အလုပ်သမားအနေဖြင့် ၎င်း၏ အမိန့်အား ဖီဆန်ပါက အလုပ်မှ ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း နှင့် အကြောင်းပြချက် အတိအကျမရှိဘဲ ယင်းအမိန့်အား ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရားရုံးက ၎င်း၏ စီရင်ချက်သည် တရားလို၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့မှုကို အခြေခံ၍ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ တွင် ကျွမ်းကျင်လုပ်သားများ လိုအပ်မှု မြင့်တက်နေပြီး အထူးသဖြင့် ပြည်တွင်း အလုပ်သမားများ မလုပ်ကိုင်လိုသည့် ခက်ခဲသည့် အလုပ်များဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ ၏ လူဦးရေသည် ၂၀၁၄ခုနှစ်တွင် ၃၀.၇၇သန်းရှိရာမှ ၂၀၁၅ခုနှစ်တွင် ၃၁.၅၂သန်းဖြင့် ၂.၄ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ စာရင်းဇယားနှင့် သတင်းအချက်အလက် ဋ္ဌာန က ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရသိရသည်။

ဆော်ဒီနိုင်ငံသား အရေအတွက်သည် နိုင်ငံလူဦးရေ၏ သုံးပုံ နှစ်ပုံ ရှိပြီး ၂၀၁၅ခုနှစ်တွင် ၂၁.၁သန်း ရှိလာကာ ကျွမ်းကျင်လုပ်သားဦးရေသည် ၁၀.၄သန်း အထိ တိုးတက်လာကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.