Africa & Middle East
အယ်လ်ကိုင်ဒါ နှင့် ဆက်စပ်နေသည့် စစ်သွေးကြွများ ပြိုင်ဘက်အုပ်စုကို တိုက်ထုတ်ပြီး ဆီးရီးယားရှိ မြို့တစ်မြို့အား ထိန်းချုပ်

ဒမတ်စကပ်စ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အယ်လ်ကိုင်ဒါ စစ်သွေးကြွအုပ်စုနှင့် ဆက်စပ်နေသည့် Nusra တပ်ဦးစစ်သွေးကြွအုပ်စု သည် ပေါ်တူဂီနိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် ပြိုင်ဘက် စစ်သွေးကြွအုပ်စု နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ Idlib မြို့အား ဇူလိုင် ၂၃ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
Nusra တပ်ဦး စစ်သွေးကြွအုပ်စု သည် Ahrar al-Sham စစ်သွေးကြွအုပ်စု နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် Idlib မြို့အား သိမ်းပိုက်ခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။Nusra တပ်ဦး အား နိုင်ငံတကာအဖွဲ့အစည်း နှင့် ကုလသမဂ္ဂတို့အား အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားပြီး ယင်းအုပ်စုသည် IS စစ်သွေးကြွအုပ်စု တွင် မပါဝင်ကြောင်း သိရသည်။
Ahrar al-Sham စစ်သွေးကြွအုပ်စု သည် တူရကီနိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားလွတ်မြောက်ရေးတပ်မတော် နှင့် မဟာမိတ်ဖွဲ့လိုက်သည့် သတင်းများ ထွက်ပေါ်လာပြီး Nusra တပ်ဦး အား ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲများက ယခင် ၎င်းနှင့် မဟာမိတ်ဖွဲ့ထားသည့် သူပုန်အုပ်စုများစွာကို ယင်းတပ်ဦးမှ ခွဲထွက်ရန် တွန်းအားပေးလျက်ရှိကြောင်း သိရသည်။