Connect with us

Africa & Middle East

ဂျော်ဒန်ရှိ အစ္စရေးသံရုံးတွင် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ဦးသေ၊ ၂ဦးဒဏ်ရာရရှိ

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အစ္စရေးသံရုံး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးစောင့်ကြပ်နေစဉ် (ဆင်ဟွာ)

အမ္မန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ အမ္မန်မြို့ရှိ အစ္စရေးသံရုံးအတွင်း၌ ဇူလိုင် ၂၃ ရက် က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဂျော်ဒန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး အခြားလူတစ်ဦး နှင့် အစ္စရေးဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံ အများပြည်သူလုံခြုံရေး ဋ္ဌာန မှ ဇူလိုင် ၂၃ ရက်တွင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ အမ္မန်မြို့ အစ္စရေးသံရုံးခြံဝင်းအတွင်းရှိ လူနေအဆောက်အအုံတစ်ခု၌ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ရဲတပ်ဖွဲ့က သံရုံးပတ်ဝန်းကျင်ဧရိယာများကို ပိတ်ပစ်ခဲ့ပြီး သံရုံအရှေ့တွင် ရပ်ထားသော ဂျော်ဒန်နိုင်ငံသား တစ်ဦး၏ မော်တော်ကားအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ ပစ်ခတ်မှု မဖြစ်ပွားခင် လက်သမားများအဖြစ် အလုပ်လုပ်နေသော ဂျော်ဒန်နိုင်ငံသားများ သံရုံးအတွင်းသို့ဝင်ရောက်လာခဲ့ကြောင်း နှင့် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပါရှိသည်။အစ္စရေးနိုင်ငံ Al-Aqsa ဗလီ နှင့် ပတ်သက်၍ လုံခြုံရေးတင်းကျပ်မှုအပေါ် မကျေနပ်၍ ဂျော်ဒန်ရှိ အစ္စရေးသံရုံးအား ပိတ်ပစ်ပြီး အစ္စရေးနိုင်ငံ နှင့် ဆက်သွယ်ရေးဖြတ်တောက်ရန် ဇူလိုင် ၂၁ရက်က ဂျော်ဒန်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117