Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ ၂၀ ဦးခန့် သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် တစ်ဦး လုံခြုံရေး တာဝန် ထမ်းဆောင်နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြိုက အနောက်ပိုင်း ဒေသရှိ လက်ထောက်အမှုဆောင်အရာရှိချုပ်ရုံး ၌ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်ထိ လူပေါင်း ၂၀ ဦးခန့် သေဆုံးခဲ့ပြီး အခြား၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားပြီးနောက် လက်ထောက်အမှုဆောင်အရာရှိချုပ်ရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။

မျက်မြင်တွေ့ရှိသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားခဲ့ရာတွင် ယခု ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှု သည် အသေခံ ကားဗုံးဖောက်ခွဲမှု ဖြစ်နိုင်ကြောင်း ၊ ဗုံးဖောက်ခွဲသူ အနေဖြင့် လက်ထောက် အမှုဆောင်အရာရှိချုပ် ၏ နေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားရာ နေရာ ကို ပိတ်ဆို့ခဲ့ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် ၌ ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာထားခြင်း မရှိသေးပေ။(Xinhua)