Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား သမ္မတ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ Abdelaziz Bouteflika အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အယ်လ်ဂျီးယား၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ Abdelaziz Bouteflika က သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးမည့် ဧပြီ ၂၈ ရက်မတိုင်မီ ဧပြီ ၂ရက်တွင်ကြေညာခဲ့သည်ဟု နိုင်ငံပိုင် APS သတင်းဌာနက ဖော်ပြခဲ့သည်။

အခြေခံဥပဒေဆိုင်ရာကောင်စီ က Bouteflika နုတ်ထွက်မှုတရားဝင်မဖြစ်မီ ရာထူးမှ နုတ်ထွက်မှုကို စစ်ဆေးအတည်ပြုရန် အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း APS ကဖော်ပြခဲ့သည်။

Bouteflika သည် ၁၉၉၉ခုနှစ်တွင် သမ္မတ အဖြစ် ပထမအကြိမ်ရွေးကောက်ခံရပြီး ၂၀၁၄ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရကာ စတုတ္ထအကြိမ် ငါးနှစ်တာ သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Bouteflika သည် ဖေဖော်ဝါရီ တွင် ငါးကြိမ်မြောက် သမ္မတအဖြစ်ဝင်ရောက်အရွေးခံရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်အား ပြန်လည်ပယ်ဖျက်ရန် နိုင်ငံတစ်ဝန်းလုံးတွင် ဆန္ဒပြပွဲများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.