Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား သမ္မတ ဧပြီ ၂၈ ရက် မတိုင်မီ နှုတ်ထွက်မည်ဟုဆို

အယ်လ်ဂျီးရီးယား နိုင်ငံတွင် ဖေဖော်ဝါရီလ အတွင်း ဆန္ဒပြမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယား ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelaziz Bouteflika သည် ဧပြီလ ၂၈ ရက် ၎င်း၏ သမ္မတ သက်တမ်း မကုန်မီ ရာထူးမှ နှုတ်ထွက် လိမ့်မည် ဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက် တစ်ခုအား APS သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

“သမ္မတ Bouteflika ရဲ့နှုတ်ထွက်မှုက ဧပြီလ ၂၈ ရက် မတိုင်မီ ဖြစ်နိုင်ပါတယ်။အဲဒီနေ့က သူရဲ့သမ္မတ သက်တမ်း ကုန်ဆုံးတဲ့နေ့ပါ။”ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သမ္မတ Bouteflika သည် ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်သည့် နေ့မှစ၍ အသွင်ကူးပြောင်းမှု ကာလအတွင်း နိုင်ငံတော် အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများ ဆက်လက် တည်ရှိနေရေး အာမခံနိုင်ရန် အခြေခံ ဥပဒေ ပြဌာန်းချက်များ နှင့် အညီ အရေးကြီးသော ဆုံးဖြတ်ချက်များအား ချမှတ် သွားမည် ဖြစ်ကြောင်း သတင်း အရင်းအမြစ်က ဖော်ပြထားသည်။

Bouteflika သည် ဝန်ကြီးချုပ် Noureddine Bedoui ဦးဆောင်သော အစိုးရ အဖွဲ့ အသစ်အား မတ် ၃၁ ရက်တွင် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ထိုအစိုးရအဖွဲ့သစ်၏ အဓိက လုပ်ငန်း တာဝန်သည် အသွင်ကူးပြောင်းမှု ကာလ အတွင်း ချောမွေ့သည့် အာဏာ လွှဲပြောင်းမှုကို အာမခံနိုင်ရန် ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်ပေါ်တိုးတက်မှုသည် အယ်လ်ဂျီးရီးယား နိုင်ငံ အနှံ့ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက ပြောင်းလဲမှုများအား တောင်းဆို ဆန္ဒပြမှုများကြားတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အနေဖြင့် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်း မရှိသည့် အတွက် သမ္မတ Bouteflika အား ဖြုတ်ချရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀၂ အရ အသက်ဝင် ဆောင်ရွက်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကောင်စီအား ကြည်းတပ် ဦးစီးချုပ် Ahmed Gaid Salah က ပြီးခဲ့သည့် အပတ်တွင် တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.