Connect with us

Africa & Middle East

မောရစ်သျှနိုင်ငံတွင် ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခတ်

မောရစ်သျှနိုင်ငံ Rodriguesကျွန်း မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေါ့တ်လူးဝစ်္စ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

မောရစ်သျှနိုင်ငံ Rodriguesကျွန်း၏မြို့တော် Port Mathurin အရှေ့မြောက်ပိုင်း ပင်လယ်ပြင်တွင် ဧပြီ ၁ ရက် ညပိုင်းက ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။

အဆိုပါ ငလျင်မှာ ဧပြီ ၁ ရက် ဒေသစံတော်ချိန် ၂၂ နာရီ ၃၉ မိနစ်က Port Mathurin အရှေ့မြောက် ပိုင်း ၂၆၄ ကီလိုမီတာ အကွာရှိ ပင်လယ်ပြင်တွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒ တိုင်းတာရေးဌာန(USGS)၏ သတင်းများအရ သိရသည်။

Rodriguesကျွန်းသည် မောရစ်သျှကျွန်း အရှေ့ဘက် ၅၆၀ ကီလိုမီတာ အကွာခန့်တွင် တည်ရှိပြီး မောရစ်သျှနိုင်ငံ၏ ခရီးသွားနေရာတစ်ခုဖြစ်ရာ ဧရိယာအားဖြင့် ၁၀၉ စတုရန်း ကီလိုမီတာခန့်ရှိ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.