Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ မင်္ဂလာပွဲ အခမ်းအနားပေါက်ကွဲမှုအတွင်း သေဆုံးသူ ၆၃ ဦးထိရှိလာ

ကဘူးလ် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ သြဂုတ် ၁၇ ရက်ညပိုင်းက ဖြစ်ပွားသော မင်္ဂလာပွဲ အခမ်းအနားအတွင်း အသေခံဗုံးခွဲမှုတွင် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၆၃ ဦး နှင့် ဒဏ်ရာရသူ ၁၈ဝ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယနေ့( သြဂုတ် ၁၈ ရက်) နံနက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။(Xinhua)