Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် မိုင်းလုပ်သား ၁၅ ဦး ပြန်ပေးဆွဲခံရ

Baghlan ပြည်နယ် Karkar ဧရိယာ ရှိ မိုင်းတွင်း လုပ်ငန်း တစ်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ မေ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ် Karkar ဧရိယာ မှ မိုင်းလုပ်သား ၁၅ ဦး အား အမည်မသိ လက်နက်ကိုင် အုပ်စုက ပြန်ပေးဆွဲကာ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် Mohammad Marouf Sarwari က မေလ ၉ ရက်တွင် ပြောကြားခဲ့သည်။

Sarwari က အမည်မသိ လက်နက်ကိုင် တစ်စုသည် မေလ ၉ ရက်တွင် ပြည်နယ်ဆိုင်ရာ မြို့တော် Pul-e-Khumri အပြင်ဘက် Karkar ဧရိယာ ရှိ မိုင်းလုပ်သားများ၏ ရုံးခန်းအား ဝင်ရောက် စီးနင်းကာ ရုံးသုံး ကွန်ပြူတာများ အပါအဝင် အခြား ပစ္စည်းများစွာကို ဖျက်ဆီးခဲ့ဲကြပြီး မိုင်းလုပ်သားနှင့် ဝန်ထမ်းများ အပါအဝင် ၁၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြန်ပေးဆွဲသမားများသည် ရုံးအစောင့်များကို တိုက်ခိုက်ပြီးနောက် မော်တော်ယာဉ် ၁၁ စီးကို ယူဆောင် သွားကြောင်းနှင့် ပြန်ပေးဆွဲ ခံရသူများတွင် နိုင်ငံခြားသားများ မပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Baghlan ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ Mahmoud Hakmal က ပြန်ပေးဆွဲခံရမှုကို အတည်ပြု ခဲ့ပြီး ပြန်ပေးဆွဲ ခံရသူများ၏ တည်နေရာနှင့် ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.