Africa & Middle East
အာဖဂန်နစ္စတန် နိုင်ငံ တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဆောင်ရွက်မည့် လူနှစ်ဦး ကို ပစ်ခတ်ရှင်းလင်း
ကဘူးလ် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ အာဖဂန်နစ္စတန် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ က သြဂုတ်လ ၇ ရက်နေ့၌ နိုင်ငံ တောင်ပိုင်း Kapisa ပြည်နယ် တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက်မည့် လူနှစ်ဦး ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။
သတင်းဖော်ပြချက်တွင် လက်နက်ကိုင် အဖွဲ့ဝင် နှစ်ဦး သည် Kapisa ပြည်နယ် Taqab ဒေသ တွင် လုံခြုံရေး တပ်ဖွဲ့ ယာဉ်များကို တိုက်ခိုက်ရန် ပြင်ဆင် နေချိန်၌ ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ၊ ပစ်ခတ်မှု ပြုလပ်ခဲ့စဉ်၌ ၎င်းတို့ ကိုယ်ပေါ်ရှိ ဖောက်ခွဲပစ္စည်းများ ပေါက်ကွဲမှု မဖြစ်ပွား ခဲ့သည့် အတွက် အခြား သေဆုံးဒဏ်ရာရရှိမှု များ မဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သတင်းဖော်ပြချက်၌ ဒေသတွင်း သတင်းပေးသူတစ်ခု၏ ပြောကြားချက်တွင် ကနဦး စစ်ဆေးမှု များအရ ပစ်ခတ်ရှင်းလင်း ခဲ့သည့် လက်နက်ကိုင် အဖွဲ့ဝင် နှစ်ဦး မှာ တာလီဘန် အဖွဲ့ဝင် များဖြစ်ကြောင်း သိရှိခဲ့ရသည်။
Kapisa ပြည်နယ် သည် တာလီဘန် အဖွဲ့အစည်း တို့ တက်ကြွလှုပ်ရှားသည့် ဒေသ တစ်ခုအပါအဝင် ဖြစ်ပြီး ယခုနှစ် ဧပြီလ ၂၈ ရက်နေ့၌ အာဖဂန်နစ္စတန် နိုင်ငံ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ က နွေဦးတိုက်ခိုက်မှု ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာပြီးနောက်တွင် အာဖဂန်နစ္စတန် နိုင်ငံ ၌ တိုက်ခိုက်မှု များ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။(Xinhua)