Connect with us

Africa & Middle East

လူကုန်ကူး ခံရသည့် ကလေးငယ်များ ဖမ်းဆီးရေး အာဖဂန် ရဲတပ်ဖွဲ့ ကြိုးပမ်း

အာဖဂန် စစ်ဘေးဒဏ်သင့် မိဘမဲ့ ကလေးငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖိုင်ဇာဘတ်၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘတ်ဒတ်ရှန်ပြည်နယ်တွင် လူကုန်ကူးသူများအား တားဆီးခဲ့ပြီး ပြန်ပေးဆွဲခံထားရသည့် ကလေးငယ် ခြောက်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံ အရာရှိ တစ်ဦးက သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

“လူကုန်ကူးသူတွေ ဖမ်းဆီးထားတဲ့ ကလေးတွေက ဇဲဘတ်ခရိုင်က ကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကိုတော့ လုပ်ဆောင်နေဆဲပါပဲ” ဟု ဝါဒို့ဂျ်ခရိုင် အုပ်ချုပ်ရေးမှူး Dawlat Mohammad Khawar က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဒီလို အပြစ်မဲ့ ကလေးငယ်တွေကို အစွန်းရောက် အဖွဲ့များရဲ့ Medressah ဘာသာရေးကျောင်းကို ပို့ဖို့ ပါကစ္စတန်နိုင်ငံ ဝါဒို့ဂျ်ခရိုင်မှ ချစ်ထရယ်ခရိုင်သို့ သယ်ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး အဲဒီ ကလေးငယ်တွေကို အသေခံ ဗုံးခွဲသမားတွေ ဖြစ်လာဖို့ အကြမ်းဖက် အယူဝါဒသစ်တွေ သွတ်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု Khawar က ဆိုသည်။

ယခု ဖြစ်စဉ်သည် ပြီးခဲ့သည့် တစ်လအတွင်း ပြန်ပေးဆွဲသူများလက်မှ ကလေးငယ်များအား သုံးကြိမ်မြောက် ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဖြစ်ပွားသည့် အမှု နှစ်မှုမှာ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းတွင် ပါကစ္စတန်သို့ ပို့ဆောင်မည့် လူကုန်ကူးသူများ၏ လက်မှ ကလေးငယ် သုံးဒါဇင်ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

တာလီဘန်အဖွဲ့နှင့် ၎င်းတို့နှင့် ချိတ်ဆက်မှုရှိသော အဖွဲ့များမှ အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးခွဲသမားများ ဖြစ်လာစေရန် ရည်ရွယ်ပြီး အာဖဂန် ကလေးငယ်များအား အကြမ်းဖက် အယူဝါဒသစ်များ သွတ်သွင်းရန် အတွက် ပါကစ္စတန် ဘာသာရေးကျောင်းသို့ ပို့ဆောင်နေသည်ဟု အာဖဂန် တာဝန်ရှိသူများက ယုံကြည်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.