Connect with us

Africa & Middle East

အမေရိကန် တပ်ဖွဲ့ ၏ ဗုံးကြဲတိုက်ခိုက်မှု ခံရကြောင်း အီရတ် နိုင်ငံ ရှီအိုက်အရပ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ က ပြစ်တင်ဝေဖန်

အီရတ် နိုင်ငံ အတွင်း အမေရိကန် နိုင်ငံ မှ ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ရှီအိုက်အရပ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော “ပြည်သူ့လှုပ်ရှားမှု အဖွဲ့အစည်း” လက်အောက်ရှိ လက်နက်ကိုင်အဖွဲ့ က အမေရိကန် တပ်ဖွဲ့ သည် သြဂုတ်လ ၇ ရက်နေ့၌ ၎င်းတို့ ထိန်းချုပ်ထားသော ဒေသ ကို ဗုံးကြဲတိုက်ခိုက်မှု များဆောင်ရွက်ခဲ့သောကြောင့် လက်နက်ကိုင် အဖွဲ့ဝင်ပေါင်း ဆယ်နှင့်ချီ၍ သေဆုံးခဲ့သဖြင့် ပြစ်တင်ဝေဖန်ကြောင်း သြဂုတ်လ ၈ ရက်နေ့၌ ထုတ်ပြန်ချက် ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် အမေရိကန် တပ်ဖွဲ့သည် ဒေသစံတော်ချိန် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်း တွင် တိကျစွာ တိုက်ခိုက်နိုင်သည့် လက်နက်များဖြင့် ၎င်းတို့မှ ထိန်းချုပ်ထားသည့် အီရတ် နှင့် ဆီးရီးယား နယ်နိမိတ်ကြား ဒေသ ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ အီရတ် နိုင်ငံ အစိုးရ အနေဖြင့် ယင်း ဗုံးကြဲတိုက်ခိုက်မှု အပေါ် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရန် တိုက်တွန်းပြီး အမေရိကန် တပ်ဖွဲ့ မှ သက်ဆိုင်ရာ ဆောင်ရွက်မှုများ အပေါ်တာဝန် ယူသွားရန် တောင်းဆိုကြောင်း ပါဝင် ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံ ၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် လက်နက်ကိုင် အဖွဲ့ဝင်ပေါင်း ၄၀ ဦးခန့်သေဆုံး ခဲ့ရပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သို့သော် အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ က ယင်းထုတ်ပြန်ချက် နှင့် ပတ်သက်၍ ငြင်းဆိုခဲ့ပြီး ထုတ်ပြန်ချက်တွင် ပါရှိသည့် အချိန်၌ မည်သည့် တိုက်ခိုက်မှု မှ ဆောင်ရွက်ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် ၌ IS အစွန်းရောက် အဖွဲ့အစည်း ၏ ဖိအားပေးမှု ကြောင့် အီရတ် နိုင်ငံ အစိုးရ က ပြည်သူလူထု လှုပ်ရှားမှု ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီးနောက်တွင် ရှီအိုက်အရပ်ဘက် လက်နက်ကိုင်တပ်ဖွဲ့တို့မှ “ပြည်သူ့လှုပ်ရှားမှု အဖွဲ့အစည်း” တို့ပါဝင်လာခဲ့ပြီး အကြမ်းဖက် နှိမ်နင်းရေး စစ်ပွဲ တွင် ပါဝင် တိုက်ခိုက် ဆောင်ရွက်လာကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.