Connect with us

Africa & Middle East

အာဖဂန်လုံခြုံရေးတပ်ဖွဲ့က တာလီဘန်အကျဉ်းထောင်မှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး အား ကယ်ဆယ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်အကျဉ်းထောင်ထဲမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက အာဖဂန်အထူးတပ်ဖွဲ့သည် Balkhပြည်နယ် မြောက်ပိုင်း ရှိ တာလီဘန် အကျဉ်းထောင်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၄ ဦးကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအား ကယ်ဆယ်ခဲ့ကြောင်း အာဖဂန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Abdul Hadi Jamalက ဆိုသည်။

ပြီးခဲ့သော လများတွင် အာဖဂန်အစိုးရတပ်နှင့် တာလီဘန်လက်နက်ကိုင်များအကြား ၎င်းဒေသတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုအကြိမ်စစ်ရေးလှုပ်ရှားမှုမှာ အာဖဂန်လုံခြုံရေးတပ်က တာလီဘန် အကျဉ်းထောင်ကို တတိယ အကြိမ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က Kunduz ပြည်နယ် မြောက်ပိုင်းနှင့် Helmand ပြည်နယ် တောင်ပိုင်းဒေသရှိ တာလီဘန်အကျဉ်းထောင်မှ လူ ၃၀ ကျော်ကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ တာလီဘန်တို့ဘက်မှ တုန့်ပြန်ပြောဆိုထားခြင်းမရှိသေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.