Connect with us

Africa & Middle East

အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifအား ဖေဖော်ဝါရီ ၁၇ ရက်က မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဖေဖော်ဝါရီ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။

လွန်ခဲ့သော (၆၇) လ ကြာ ကာလအတွင်း အီရန်ပြည်သူလူထုနှင့်အစိုးရ၏ သဘောထားကြီးမှုများကို အထူးကျေးဇူးတင်ရှိကြောင်း ၊ တာဝန်ဆက်လက်မထမ်းဆောင်နိုင်ခြင်းနှင့် တာဝန်ထမ်းဆောင်မှု ကာလအတွင်း လိုအပ်ချက်များအားလုံးအတွက်လည်း တောင်းပန်ပါကြောင်း Javad Zarif က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့ကြောင်း သိရသည်။ 0

Javad Zarifသည် အီရန် ဝါရင့် သံတမန်အရာရှိဖြစ်ရာ အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အီရန်နျူကလီးယားရေးရာ ဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန်၊ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ နိုင်ငံ ၆ နိုင်ငံနှင့် အီရန်နျူကလီးယားရေးရာ ဘက်စုံသဘောတူညီချက်ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန် သမ္မတ ထရမ့်သည် အဆိုပါသဘောတူညီချက်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများပြန်လည်ဆောင်ရွက်ခဲ့သည်။ (Xinhua)