Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ ပြည်တွင်းရေးကိစ္စများကို ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုအား လွှတ်တော် သတိပေး

လစ်ဗျားနိုင်ငံ အရှေ့အခြေစိုက် လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

ထရီပိုလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အချို့နိုင်ငံများ၏ သံတမန်များအနေဖြင့် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ပါဝင်စွက်ဖက်မှုကို လစ်ဗျားနိုင်ငံ အရှေ့ပိုင်း အခြေစိုက် လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်က ဆန့်ကျင်သတိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီက သံတမန်တို့အနေဖြင့် လိုက်နာရမည့် စံနှုန်းများနှင့် ပဋိဉာဉ်များအတိုင်း လိုက်နာဆောင်ရွက်ရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထိုပြင် လစ်ဗျားနိုင်ငံတောင်ပိုင်းတွင် ပြုလုပ်နေသော အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ဆင်ရေးတစ်ခုအား ရည်ညွှန်း၍ ကော်မတီက တည်ငြိမ်အေးချမ်းရေးမှုနှင့် လုံခြုံရေး ပြန်လည်တည်ဆောက်ရန်မှာ အမျိုးသားရေးတာဝန် ဖြစ်ကြောင်း အလေးခားပြောခဲ့သည်။ဇန်နဝါရီလလယ်ပိုင်းမှစ၍ နိုင်ငံ တောင်ဘက်ပိုင်းတွင် ရာဇဝတ်မှုနှင့် အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ခိုက်မှုတို့အား Khalifa Haftar ခေါင်းဆောင်သော စစ်တပ်က လုပ်ဆောင်နေကြောင်း သိရသည်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ အနောက်အခြေစိုက် အစိုးရအဖွဲ့နှင့် အပြိုင်ဖွဲ့စည်းထားသော နိုင်ငံ အရှေ့အခြေစိုက် အစိုးရအဖွဲ့နှင့် စစ်တပ်တို့ မဟာမိတ်ပြုထားကြောင်း သိရသည်။၂၀၁၁ခုနှစ် ယခင်ခေါင်းဆောင် Muammar Gaddafi အစိုးရပြုတ်ကျသွားပြီးနောက် နိုင်ငံရေး၊ အရှုပ်အထွေးများနှင့် မလုံခြုံမှုများ လစ်ဗျားနိုင်ငံတွင်း ခံစားနေရကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117