Connect with us

Africa & Middle East

အာဖဂန် တပ်ဖွဲ့ဝင်များ ညစစ်ဆင်ရေးဖြင့် တာလီဘန် ခေါင်းဆောင်ကို ဖမ်းဆီးရမိ

အာဖဂန် အထူး တပ်ဖွဲ့ဝင်များ ညစစ်ဆင်ရေး ပြုလုပ်နေပုံအား သရုပ်ပြနေစဉ် ( ဓာတ်ပုံ - အင်တာနက် )

ကဘူး ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )

အာဖဂန် နစ္စတန် နိုင်ငံတောင်ပိုင်းရှိ ကန်ဒါဟာ ( Kandahar ) ပြည်နယ်၌ ၂ဝ၁၆ ခုနှစ် ၊ ဧပြီလ ၁၇ ရက် ည က ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် ဒေသတွင်း တာလီဘန် ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

“ အာဖဂန် အမျိုးသားတပ်ဖွဲ့ရဲ့အထူးတပ်ဖွဲ့ဝင်တွေဟာ တာလီဘန်ခေါင်းဆောင် ခိုအောင်းနေတဲ့ Khakrez ခရိုင်ကို ညဘက် စစ်ဆင်ရေး လုပ်ခဲ့ပြီး ဝရမ်းပြေး တာလီဘန် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Mullah Khakifa နဲ့သူ့နောက်လိုက် တစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့တယ် ” ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန် နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၏ တောင်ဖက် ကီလိုမီတာ ၄၅ဝ အကွာတွင် တည်ရှိသည့် ကန်ဒါဟာ ပြည်နယ် မြို့တော်တွင် ဝရမ်းပြေးမှုဖြင့် အလိုရှိနေသည့် တာလီဘန် ခေါင်းဆောင်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်ရ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြည်နယ်သည် တာလီဘန် တပ်ဖွဲ့ဝင်များ ခိုင်ခိုင်မာမာ ခြေကုတ်ယူထားသော ပြည်နယ် တစ်ခုဖြစ်သလို ဘိန်းစိုက်ပျိုးမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ပြည်နယ် တစ်ခုလည်း ဖြစ်သည်။
တာလီဘန် စစ်သွေးကြွများက“ Omari စစ်ဆင်ရေး” ဟု အမည်ပေးထားသော နိုင်ငံ အနှံ့တိုက်ခိုက်မှုများ စတင်မည့် ၂ဝ၁၆ ခုနှစ် ဧပြီ ၁၂ ရက်ကတည်းက အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း လုံခြုံရေး တိုးမြှင့်ထားသည်။ Mullah Khakifa အဖမ်းခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်သွေးကြွများ ဖက်က မှတ်ချက်ပြု ပြောဆိုခြင်း မရှိပါ။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.