Africa & Middle East
အာဖဂန် အရှေ့ပိုင်းမြို့ရှိ ရဲဋ္ဌာနချုပ် အဆောက်အအုံများကို တာလီဘန် တိုက်ခိုက်

ဂါဒက်စ်၊ အာဖဂန်နစ္စတန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇက်စ်မြို့ရှိ ရဲဋ္ဌာနချုပ် အဆောက်အအုံများ၌ တာလီဘန်များက ယနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရဲအရာရှိ သုံးဦးနှင့် စစ်သွေးကြွ လေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယနေ့ ဒေသစံတော်ချိန် နံနက် ၆း၁၅ နာရီဝန်းကျင်တွင် အာဖဂန် အမျိုးသား ရဲတပ်ဖွဲ့ (ANP) အမှတ် ၃၀၃ Spin Zar Police Zone ရှေ့ဘက် ဝင်ပေါက်အတွင်းသို့ စစ်သွေးကြွ တစ်ဦး မောင်းနှင်လာသည့် ကားက ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒန်းနစ်ရှ်က ပြောသည်။
ကားဗုံး ပေါက်ကွဲမှုကြီး ဖြစ်ပြီးနောက် ဆက်တိုက်ဆိုသလိုပင် ဂါဇက်စ်မြို့အတွင်း လက်နက်ကိုင် စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ခဲ့ကြကြောင်း၊ သေနတ် ပစ်ခတ်သံများလည်း မကြာခဏ ကြားနေရဆဲ ဖြစ်ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ ပြည်နယ်ရဲစခန်းနှင့် ရဲသင်တန်းကျောင်း အဆောက်အအုံများ ပျက်စီးခဲ့သည်။အတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်များ အဆိုအရ ယင်း တိုက်ခိုက်မှုကြောင့် ရဲနှင့် အရပ်သား ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်း ဖြစ်ပွားပြီး မကြာမီတွင် အာဖဂန် အထူးတပ်ဖွဲ့ ရောက်ရှိလာကာ ထိုနေရာတဝိုက်အား လုံခြုံရေးစည်း တားထားလိုက်သည်ဟု ဆိုသည်။ (Xinhua)