Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် သံအရာရှိ နှစ်ဦး ပျောက်ဆုံးကြောင်း ပါကစ္စတန် အတည်ပြု

အာဂန်နစ္စတန်နိုင်ငံ ကဘူးလ်ရှိ ပါကစ္စတန် သံရုံး အဆောက်အဦအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန် ကောင်စစ်ဝန်ရုံးမှ သံအရာရှိ နှစ်ဦးမှာ ဇွန်လ ၁၆ ရက်ကတည်းက ပျောက်ဆုံးနေကြောင်း ပါကစ္စတန်ဘက်က ယနေ့ (ဇွန် ၁၈ ရက်) ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

အဆိုပါ သံအရာရှိ နှစ်ဦးမှာ ပါကစ္စတန်သို့ ပြန်လာစဉ် လမ်း၌ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဆိုသည်။၎င်းတို့ နှစ်ဦး ပျောက်ဆုံးနေသည့် အကြောင်းကို တပ်ဖွဲ့အားလုံးထံ အာဖဂန် အာဏာပိုင်များက သတင်းပို့ထားပြီး ဖြစ်သလို စုံစမ်းစစ်ဆေးရေး အဖွဲ့ သုံးဖွဲ့ ခွဲပြီး အဆိုပါ သံအရာရှိ နှစ်ဦးကို ဘေးကင်းလုံခြုံစွာ ပြန်တွေ့နိုင်ရေးအတွက် ပါဝင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၎င်းက ဆက်၍ “သံအရာရှိ နှစ်ယောက်လုံးကို စောစောပြန်တွေ့နိုင်အောင် လုပ်ပေးဖို့ အာဖဂန် အစိုးရကို ပါကစ္စတန်ဘက်က တောင်းဆိုထားတယ်” ဟု ဆိုသည်။အဆိုပါ သံအရာရှိ နှစ်ဦး ပျောက်ဆုံးနေမှုကို ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန် သံအမတ်ကြီးက အစောပိုင်းကတည်းက အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရှာဖွေနေကြပြီ ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117