Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားကြောင်း အာဖဂန်ယာယီအစိုးရ အတည်ပြု

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်တစ်စီးအား ရှာဖွေစစ်ဆေးနေမှုများအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားကြောင်း အာဖဂန်ယာယီအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က အတည်ပြုပြောကြားထားကြောင်း ဒေသတွင်းမီဒီယာက မတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံ၏တရားဥပဒေကို ချိုးဖောက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦးအပါအဝင် နိုင်ငံခြားသားအများအပြားအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်၏ ပြောဆိုချက်ကို ကိုးကား၍ အာဖဂန် အမျိုးသားရေဒီယိုနှင့် ရုပ်သံဌာနက ထုတ်ပြန်သည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်လာသူ မည်သူမဆိုနိုင်ငံ၏ တရားဥပဒေကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ဇာဘီဟူလာမူဂျာဟစ်က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားများ ပြန်လည်လွှတ်မြောက်ရေးအတွက်ကြိုးပမ်းရန် အမေရိကန်နိုင်ငံ သမ္မတဂျိုးဘိုင်ဒန်အား အမေရိကန်ပြည်သူ့အချို့က တောင်းဆိုနေစဉ် အာဖဂန်ယာယီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

…………………………………..
(English Version)
Kabul confirms detention of 2 U.S. nationals in Afghanistan
KABUL, March 31 (Xinhua) — Afghan caretaker government’s spokesman Zabihullah Mujahid has confirmed the detention of two U.S. nationals in Afghanistan, local media said Sunday.
“A number of foreign nationals including two U.S. nationals have been held in Afghanistan and the reason for their imprisonment is a violation of Afghanistan’s laws,” Afghanistan National Radio and Television quoted Mujahid on Sunday as saying.
Without providing more details, the official noted that anyone who obtains an Afghan visa and enters the country is obliged to respect the law of the land.
The Afghan administration’s spokesman made the remarks amid reports that some in the United States have been asking President Joe Biden to ensure the release of Americans held in Afghanistan and bring them back to their homeland. ■
Photo-An Afghan security force member searches a vehicle at a security checkpoint during a clearance operation in Kabul, Afghanistan, Feb. 26, 2022.