Connect with us

Africa & Middle East

အာဖရိကရှိ အလယ်တန်း ကျောင်းများတွင် တရုတ်ဘာသာစကား သင်ခန်းစာ သင်ယူလိုသူ များပြားလာ

တောင်အာဖရိက နိုင်ငံရှိ အလယ်တန်းကျောင်း တစ်ခုတွင် တရုတ်ဆရာမ တစ်ဦး မန်ဒရင်း ဘာသာစကား သင်ကြား ပေးနေစဉ် ( ဆင်ဟွာ )

နိုင်ရိုဘီ ၊ ဧပြီ ၂၂ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံနှင့် အာဖရိကတိုက်အကြား ကုန်သွယ်ရေး ကြီးထွားလာခြင်းနှင့်အတူ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု များပြားလာခဲ့ရာ အာဖရိက တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်များကြားတွင်လည်း တရုတ်ဘာသာစကား သင်ယူသူ များပြားလာကြောင်း သိရသည်။

ယခုအခါ အာဖရိကတိုက်ရှိ တောင်အာဖရိက ၊ တန်ဇန်းနီးယား နှင့် မာဒါဂါစ်ကာ နိုင်ငံများ ရှိ အလယ်တန်း ကျောင်းများတွင် တရုတ်ဘာသာစကား စတင် မိတ်ဆက်သင်ကြားနေပြီ ဖြစ်သည်။

တောင်အာဖရိက နိုင်ငံသား တစ်ဦး တရုတ်စာ လေ့ကျင့်ရေးသားနေစဉ် (ဆင်ဟွာ)

တောင်အာဖရိက နိုင်ငံမှ ကျောင်းသား ကျောင်းသူ ၅ဝဝ ဦး သည် လာမည့် ငါးနှစ်အတွင်း တရုတ် မန်ဒရင်း ဘာသာစကားကို ဒုတိယ ဘာသာစကား အဖြစ် တွဲဖက် သင်ကြားရန် စီစဉ်ထားသည်ဟု အခြေခံ ပညာရေး ဝန်ကြီး Angie က ပြောသည်။ လက်ရှိတွင် နိုင်ငံတွင်း၌ မန်ဒရင်း ဘာသာစကား သင်ကြားနေသည့် ကျောင်းပေါင်း ၁၅ ကျောင်းရှိသည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

“ သင်ကြားမှု နည်းစနစ် နှင့် ယဉ်ကျေးမှု ဆိုင်ရာများကို လေ့လာရန် နှစ်စဉ် ဆရာ/ဆရာမ ဦးရေ ၁ဝဝ တိတိကို တရုတ်နိုင်ငံသို့စေလွှတ်သွားမည်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် မန်ဒရင်း ဘာသာစကားကို ၄ တန်း မှ ၉ တန်း အထိ နှင့် ၁ဝ တန်း စသည့် အတန်းများတွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ သင်ကြားပေးနေပြီ ဖြစ်ကြောင်း ၊ ၂ဝ၁၇ ခုနှစ်တွင် ၁၁ တန်း၌ လည်းကောင်း ၊ ၂ဝ၁၈ ခုနှစ်တွင် ၁၂ တန်း၌ ၎င်းတိုးချဲ့သင်ကြားပေးရန် စီစဉ်ထားကြောင်း အခြေခံပညာ ဝန်ကြီးဌာနမှ သိရသည်။

၁၉၉၆ ခုနှစ်တွင် ပြဌာန်းခဲ့သည့် တောင်အာဖရိကနိုင်ငံ ပညာရေး ဥပဒေအရ အသက် ၇ နှစ်အရွယ် (၁ တန်း) မှ အသက် ၁၅ နှစ်အရွယ် (၉ တန်း) အထိ မသင်မနေရ ပြဌာန်းထားပြီး နိုင်ငံရပ်ခြားတွင် ပညာ သွားရောက် သင်ကြားခွင့်ကို ၁ဝ တန်း ၊ ၁၁ တန်း နှင့် ၁၂ တန်း ရောက်မှ ခွင့်ပြုထားသည်။

လက်ရှိတွင် တောင်အာဖရိက နိုင်ငံ၌ မန်ဒရင်း ဘာသာစကား သင်ကြားပေးနေသော ကျောင်းများမှာ ကိတ်မြို့အနောက်ပိုင်း ၊ ကိတ်မြို့အရှေ့ပိုင်း ၊ Gauteng နှင့် KwaZulu-Natal ပြည်နယ် အတွင်းရှိ ကျောင်းအချို့တွင် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အခြားပြည်နယ်များရှိ ကျောင်းများတွင်လည်း မကြာမီကာလ အတွင်း သင်ကြားပေးရန် ရှိနေကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ တရုတ်နိုင်ငံ အစိုးရကလည်း မန်ဒရင်း ဘာသာစကား သင်ကြားပေးနေသည့် တောင်အာဖရိကနိုင်ငံရှိ ကျောင်းများသို့ပုံနိုပ်စာအုပ် ၂,ဝဝဝ လှူဒါန်းရန် စီစဉ်ထားသည်ဟု Motshekga က ပြောသည်။

တန်ဇန်းနီးယား နိုင်ငံအတွင်းရှိ အလယ်တန်းကျောင်း ၆ ကျောင်း နှင့် တက္ကသိုလ် ၃ ခုတွင်လည်း တရုတ်ဘာသာ စကားသင်ကြားပေးရန် တရုတ် လူမျိုးဆရာ/ဆရာမ ၁၂ ဦး သွားရောက် သင်ကြား ပေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.