Connect with us

Africa & Middle East

အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာလီဘန် အဓိက ခေါင်းဆောင်တစ်ဦးအား သုတ်သင်နိုင်ခဲ့

အာဖဂန် နစ္စတန်နိုင်ငံ ကဘူးမြို့တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဆင်ဟွာ)

ချာရီကာ၊ အာဖဂန်နစ္စတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တာလီဘန် အဓိက ခေါင်းဆောင်တစ်ဦးအား အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အထူးစစ်ဆင်ရေး တစ်ရပ်ဖြင့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းပြည်နယ် ပေါဝမ် ( Parwan ) တွင် သုတ်သင် သတ်ဖြတ် နိုင်ခဲ့ကြောင်း ပြည်နယ် လုံခြုံရေး သတင်း အရင်းအမြစ်က ဧပြီလ ၂၃ ရက်တွင် ပြောကြားသည်။

“ Shinwari ခရိုင် Darraz ရွာမှာ ဧပြီလ ၂၂ ရက်က ပြုလုပ်တဲ့ အာဖဂန် ပြည်သူ့ ရဲတပ်ဖွဲ့ရဲ ့အထူးစစ်ဆင်ရေး တစ်ခုမှာ အလမ်အူဒင် ( Alam Uddin ) ခေါ် ဟုမ္မဒ် ( Hommad ) ကို သတ်ဖြတ် နိုင်ခဲ့တာပါ” ဟု သတင်း အရင်းအမြစ်က ဆင်ဟွာ သတင်းဌာနသို့ပြောသည်။

အဆိုပါ အသတ်ခံရသော အကြမ်းဖက် ခေါင်းဆောင်သည် တာလီဘန် အဖွဲ့၏ Shinwari ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော လများက ပြည်နယ်တွင်း အကြမ်းဖက်မှု များစွာကို ဆောင်ရွက်ရာတွင် တာဝန်ရှိသူ တစ်ဦးဖြစ်သည်။ Shinwari ခရိုင်သည် အာဖဂန်နစ္စတန် မြို့တော် ကဘူးလ် မှ မြောက်ဘက် ၅၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

တာလီဘန် အကြမ်းဖက် သမားများ၏ နိုင်ငံအတွင်း အကြမ်းဖက်ကာလ စတင်ပြီး မကြာမီတွင် အာဖဂန် တပ်ဖွဲ့ဝင်များသည် လုံခြုံရေး စစ်ဆင်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့ကြသည်။

တာလီဘန် စစ်သွေးကြွများသည် ၂ဝဝ၁ ခုနှစ် မတိုင်မီက အာဖဂန်နစ္စတန် နိုင်ငံတွင် ကြီးစိုးခဲ့ကြသူများ ဖြစ်ပြီး ယခုအခါ နိုင်ငံတွင်း၌ လက်နက်ကိုင် ဆူပူမှုများ ၊ ခြုံခို တိုက်ခိုက်မှုများ နှင့် အသေခံ ဗုံးခွဲမှုများကို လက်နက်ကိုင် အဖွဲ့များသာက အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြသူများ ဖြစ်သည်။ လွန်ခဲ့သော ၂ လကျော်က Parwan တွင် ဖြစ်ပွားခဲ့သော တာလီဘန်တို့၏ အသေခံ ဗုံးခွဲမှု ၂ ကြိမ် အတွင်း ရဲတပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးပြီး ၄ဝ နီးပါး ထိခိုက် ဒဏ်ရာ ရခဲ့သည်။ အဆိုပါကိစ္စ နှင့် ပတ်သက်၍ စစ်သွေးကြွများဖက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိခဲ့ပါ။ ( Xinhua )