Africa & Middle East
အီဂျစ်စက်လှေတိမ်းမှောက်မှုသေဆုံးသူ တစ်ရာကျော်အထိရှိလာ
စက်တင်လ ၂၃ ရက်(ဆင်ဟွာ)
အီဂျစ်နိုင်ငံမြောက်ပိုင်း ပင်လယ်ကမ်းရိုးတန်း၌ စက်တင်ဘာလ ၂၁ ရက်ကတိမ်းမှောက်ခဲ့သောရွှေ့ပြောင်းနေထိုင်သူများတင်ဆောင်လာသည့်စက်လှေမှသေဆုံးသူဦးရေမှာ စက်တင်ဘာလ ၂၃ ရက်တွင် ၁၁၂ ဦးအထိရှိ သွားပြီဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခါလက်မီဂါဟက် က ပြောကြားခဲ့သည်။
၎င်းကကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နေကြောင်းနှင့် သေဆုံးသူဦးရေမှာဆက်လက်မြင့်တက်လာနိုင်ကြောင်းပြောကြားခဲ့သည်။အဆိုပါစက်လှေက အီဂျစ်နိုင်ငံ၏မြောက်ဘက် ဘီဟီရာ(Beheira)ပြည်နယ်ကမ်းခြေ ပင်လယ်ပြင်တွင်စက်တင်ဘာလ ၂၁ ရက်ကတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီးစက်လှေပေါ်တွင်လူ ၆၀၀ ခန့်လိုက်ပါလာကာ အီတလီနိုင်ငံကမ်းခြေသို့ထွက်ခွာလာခြင်းဖြစ်ကြောင်းသိရသည်။အီဂျစ်နိုင်ငံအာဏာပိုင် များကတိမ်းမှောက်သွားသောစက်လှေမှစက်လှေအမှုထမ်း လေးဦးကိုလူကုန်ကူးမှုစွဲချက်များဖြင့် ဖမ်းဆီးထားကြောင်းသိရသည်။ လူကုန်ကူးသူများကစက်လှေများပေါ်တွင်ရွှေ့ပြောင်းနေထိုင်ရန်ကြိုးပမ်းသူများ မတန်တဆတင်ဆောင်ကာအဆိုပါ မက်ဒီတာရေနီးယန်း ပင်လယ်ကိုဖြတ်၍ဥရောပတိုက်သို့ခိုးဝင်လေ့ရှိကြသည်။လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းလူဦးရေထူထပ်၍စီးပွားရေးအကျပ်အတည်းများကြုံတွေ့နေရသောအီဂျစ်နိုင်
ငံမှမက်ဒီတာရေနီးယန်းပင်လယ်ကိုဖြတ်၍ဥရောပတိုက်သို့တရားမဝင်ခိုးဝင်နေထိုင်ရန်ကြိုးပမ်းသူအရေအတွက်သိသာစွာတိုးတက်လာကြောင်းသိရသည်။(ဆင်ဟွာ)