Connect with us

Africa & Middle East

အီရတ်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၅၁ ဦး သေဆုံး

အီရတ်နိုင်ငံ အလယ်ပိုင်း Babli ပြည်နယ် မြို့တော် Hilla ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်၌ ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ မတ် ၇ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ အလယ်ပိုင်း Babli ပြည်နယ် မြို့တော် Hilla ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်အား မတ်လ ၆ရက်နေ့ က အသေခံ ထရပ်ကားဗုံး ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅၁ဦးသေဆုံးပြီး ၇၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လုံခြုံရေး တပ်ဖွဲ့က ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှု အား IS စစ်သွေးကြွအုပ်စု ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အားထောက်ခံ သည့် အွန်လိုင်းစာမျက်နှာတစ်ခုက ဖော်ပြခဲ့သည်။

မတ်လ ၆ရက်နေ့ နေ့လည်ပိုင်းတွင် အသေခံဗုံးခွဲသမားတစ်ဦး မောင်းနှင်လာသည့် ဖောက်ခွဲရေးပစ္စည်းများ အပြည့်ထားသော ထရပ်ကားသည် Hilla မြို့၏မြောက်ပိုင်းဝင်ပေါက်ရှိ လူစည်ကားရာ al-Athar စစ်ဆေးရေး ဂိတ်အား ဦးတည်တိုက်ခိုက်ခဲ့ကြောင်း သတင်းအရင်းအမြစ် တစ်ခုမှ သိရသည်။

ပြည်နယ်ဆိုင်ရာ ဆေးရုံအာဏာပိုင်တစ်ဦး က သေဆုံးသူ အရေအတွက်ကို အတည်ပြုပြောကြားခဲ့ပြီး ၎င်းတို့အနက် ၂၃ဦးသည် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲ နှင့် လုံခြုံရေးတပ်ဖွဲ့များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ သည် လွန်ခဲ့သည့် လအတွင်း အကြမ်းဖက်မှုများစွာကို ကြုံတွေ့ခဲ့ရပြီး IS စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း၁၇၀ကျော်သေဆုံးခဲ့ရပြီး IS အဖွဲ့သည် အီရတ်နိုင်ငံတစ်လျှောက် လူစည်ကား ရာ နေရာများဖြစ်သည့် စစ်ဆေးရေးဂိတ်များ၊ ဗလီများ၊ ဈေးနှင့် ကော်ဖီဆိုင်များကို ပစ်မှတ်ထား တိုက်ခိုက် လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.