Connect with us

Africa & Middle East

အိုင်ဗရီကို့စ်နိုင်ငံရှိ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ၂၂ ဦး သေဆုံး

သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ Grand Bassam ကမ်းခြေသို့ရောက်ရှိလာသည့် လုံခြုံရေး တပ်ဖွဲ့များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အိုင်ဗရီကို့စ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အိုင်ဗရီကို့စ်နိုင်ငံ၊ Grand Bassam အပန်းဖြေ ကမ်းခြေ တွင် မတ်လ ၁၃ ရက်က သေနတ်သမားများ ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အိုင်ဗရီကို့စ် နိုင်ငံသား ၁၄ ဦး နှင့် စစ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း အိုင်ဗရီကို့စ် သမ္မတ Alassane Quattara ကပြောကြားခဲ့သည်။

သမ္မတ သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် သေနတ်သမား ၆ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများတွင် အနည်းဆုံး ပြင်သစ်နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။

Grand Bassam သည် စီးပွားရေး အချက်အချာဖြစ်သည့် Abidjan မြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၀ အကွာတွင် တည်ရှိပြီး ပြည်တွင်း ခရီးသွားများနှင့် အနောက်တိုင်း ခရီးသွားများ အကြား ထင်ရှားသော နေရာ တစ်ခု ဖြစ်သည်။

အချို့သော သတင်း မီဒီယာများက အဆိုပါ တိုက်ခိုက်မှုသည် အယ်ကိုင်ဒါ စစ်သွေးကြွ အုပ်စု၏ အခွဲဖြစ်သော အာဖရိက မြောက်ပိုင်း စစ်သွေးကြွအုပ်စု၏ လက်ချက်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)