Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ တောင်ပိုင်းတွင် ပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူ၃ဦးသေဆုံး

ဆိုမာလီယာနိုင်ငံ တောင်ပိုင်းရှိBardhere မြို့အားတွေ့ရစဉ် (internet)

မိုဂါဒစ်ရှူး၊ မတ် ၆ ရက် (ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ တောင်ပိုင်း၊ Gedo ဒေသ၊ Bardhere မြို့အနီးတွင် မတ်လ ၅ရက်နေ့က ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံးလူသုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မျက်မြင်သက်သေများက Bardhereမြို့သို့ ဦးတည်နေသည့် အဓိကလမ်းမကြီး တစ်လျှောက်တွင် ပေါက်ကွဲမှု များ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ယင်းပေါက်ကွဲမှုများသည် မြေမြှုပ်မိုင်းများကြောင့်ဖြစ်ပြီး အာဖရိက သမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင် လက်အောက်ရှိ အီသီယိုးပီးယား တပ်ဖွဲ့ဝင်များ နှင့် ဆိုမာလီ အမျိုးသား တပ်ဖွဲ့ဝင်များ မကြာခဏ ဖြတ်သန်းလေ့ရှိသည့် လမ်းများတွင် မြှုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူများသည် ဆိုမာလီယာ အရပ်သားများဖြစ်သော်လည်း မြေမြှုပ်မိုင်း များက စစ်သားများအား ဦးတည်တိုက်ခိုက်ရန် ဖြစ်ကြောင်းသိရသည်။ လုံခြုံရေးတပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာ နေရာအား အများပြည်သူများ ရှောင်ကွင်းသွားရန် ကန့်သတ်ထားလိုက်ကြောင်း သိရသည်။ (Xinhua)